ရေစကြိုမြို့နယ်၊ ပခန်းငယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ စီးနင်းသိမ်းပိုက်

ရေစကြိုမြို့နယ်၊ ပခန်းငယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ စီးနင်းသိမ်းပိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အတွင်းရှိ ပခန်းငယ် ရဲစခန်းကို နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၁ နာရီ ဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီး ရဲအများအပြား ဒဏ်ရာရကာ စခန်းကို စွန့်ခွာ ထွက်ပြေးကြောင်း 27 Revolution Forces MGN အဖွဲ့မှ ကိုဇင်မင်းက ပြောသည်။

စခန်းသိမ်း တိုက်ပွဲ အတွင်း နာရီဝက်ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်သား အများအပြား ဒဏ်ရာရသည့်အတွက် ရဲများကစခန်းကို စွန့်ခွာသွားခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

"ကျွန်တော်တို့ နေ့လယ် ၁နာရီ ၁၅ မိနစ် လောက်မှာ ရဲစခန်း အရှေ့အနောက်ကို ပိတ်ပြီး တိုက်ခိုက်ခဲ့တာ။ သူတို့အင်အားက ၂၀ လောက်တော့ ရှိမယ်။ အကျအဆုံးကိုတော့ သေချာ မသိသေးဘူး။ ကျွန်တော်တို့က လက်လုပ် ၆၀ မမ RPG ပေါ့။ အဲဒါတွေနဲ့ ပစ်တယ်။ သူတို့က ဒဏ်ရာရတဲ့လူတွေ ခေါ်ပြီး ပြေးကြတာ မျက်မြင် တွေ့လိုက်တယ်" ဟု ကိုဇင်မင်းက မဇ္ဈိမကို ပြောသည်။

စခန်းသိမ်းတိုက်ပွဲတွင် လက်နက် နှစ်လက်၊ ဆိုင်ကယ် လေးစီး နှင့် စာရွက်စာတမ်းများတွေ့ရှိခဲ့ပြီး စခန်းကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကျဆုံး၊ ထိခိုက်မှု အတိအကျကို မသိရသေးပေ။

ယင်းတိုက်ခိုက်မှုကို People Defence Force Yesagyo၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို)၊ 27 Revolution Forces MGN နှင့် Thwaythauk Revolution Forces ညီနောင် မဟာမိတ်များ စုပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...