နွေဦးတော်လှန်ရေးတွင် ပူးပေါင်းလာသော စစ်ကောင်စီတပ်မှ အမျိုးသမီး ဗိုလ်ကြီးမေပိုး

နွေဦးတော်လှန်ရေးတွင် ပူးပေါင်းလာသော စစ်ကောင်စီတပ်မှ အမျိုးသမီး ဗိုလ်ကြီးမေပိုး

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်နေမှုများကို လက်မခံနိုင်၍ စစ်တပ်မှ အမျိုးသမီးအရာရှိ ဗိုလ်ကြီး မေပိုးသည် နွေဦးတော်လှန်ရေးတွင် လာရောက် ပူးပေါင်းကြောင်း ပြည်သူ့စစ်သားများအဖွဲ့က ယနေ့ နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

“ နောင်လာမယ့် နေ့ရက်တွေမှာ သိက္ခာရှိစွာ နေထိုင်သွားချင်လို့ ပြည်သူဘက် မျက်နှာမူခဲ့တာပါ။ ကျွန်မတို့ရဲ့ နောင်လာမယ့် အနာဂတ်တွေမှာလည်း စစ်သားဆိုတာနဲ့ ပြည်သူတွေက မုန်းတီး နေတာမျိုး မဖြစ်ရအောင် ဒီလိုပြဿနာတွေကို ဖန်တီးတဲ့ အာဏာရှင်တွေ အမြစ်ပြတ် အောင်လို့ တပ်မတော်သားအားလုံး ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်” ဟု ဗိုလ်ကြီးမေပိုးက ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

အာဏာသိမ်း စစ်တပ်သည် ပြည်သူများသာမက တပ်မတော်သား အချင်းချင်းလည်း ဖိနှိပ်မှုမျိုးစုံ လုပ်ဆောင်သည့်အတွက် တပ်တွင်း၌ စစ်ကောင်စီကို စွန့်ခွာချင်သူ အများအပြား ဖြစ်လာနေကြောင်းလည်း ဗိုလ်ကြီးမေပိုးက ပြောသည်။

ဗိုလ်ကြီးမေပိုးသည် မည်သည့် တပ်ရင်းမှ ဖြစ်ကြောင်းနှင့် စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် လုပ်သက်၊ ၎င်းထမ်းဆောင်ရသည့် တာဝန်ပိုင်းများနှင့် ပတ်သက်၍မူ လတ်တလောတွင် မသိရသေးဘဲ မဇ္ဈိမက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

ပြည်သူ့စစ်သားများ အဖွဲ့သည် ပြည်သူ့ဘက် ရပ်တည်ခဲ့သော တပ်မတော်သားကောင်းများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ ဖြစ်သည်။

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...