စစ်ကောင်စီယာဉ်တန်း မင်းတပ်မှ ပခုက္ကူသို့ ပြန်ဆင်း၊ အဖမ်းခံထားရသည့် ပြည်သူများကို ခေါ်ဆောင်သွား

စစ်ကောင်စီယာဉ်တန်း မင်းတပ်မှ ပခုက္ကူသို့ ပြန်ဆင်း၊ အဖမ်းခံထားရသည့် ပြည်သူများကို ခေါ်ဆောင်သွား

မင်းတပ်မြို့မှ ပခုက္ကူမြို့သို့ ယနေ့ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ထွက်ခွာသွားသော စစ်ယာဉ်တန်းတွင် မင်းတပ်မြို့က မတရား ဖမ်းဆီးခံထားရသူများ ပါသွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

အဆိုပါယာဉ်တန်းတွင် သံချပ်ကာ ကားနှစ်စီး ပါဝင်ပြီး မင်းတပ်မြို့ပေါ်၌ အကြောင်းအမျိုးမျိုးဖြင့် မတရား ဖမ်းဆီးထားသူများကို ပခုက္ကူထောင်သို့ ပို့ဆောင်ရန် ခေါ်ဆောင်သွားကြခြင်း ဖြစ်သည် ဟု ဒေသခံများက ယူဆနေကြသည်။

''အရင်က မင်းတပ်မှာ ဖမ်းခံရတဲ့ သူတွေကို ကြုံတဲ့ကားနဲ့ပဲ ရဲအစောင့်အရှောက်နဲ့ ပခုက္ကူထောင်ကို ပို့ကြတာ။ ဘယ်သူမှတောင် မသိကြဘူး။ ကာယကံရှင် မိသားစုတွေတောင် မသိလိုက်ဘူး။ အခုကျတော့ စစ်ယာဉ်တန်းနဲ့ အဖမ်းဆီးခံလူတွေကို ခေါ်သွားမယ်ဆိုတဲ့ သတင်းက ထွက်နေတယ်။ ကျွန်တော်အထင် တမင်များ သတင်းလွှင့်တာလား မသိဘူး။ CDF မင်းတပ် အဖွဲ့တွေက လမ်းမှာ ကြားဖြတ်တိုက်မှာ ကြောက်လို့ ဖမ်းဆီးခံရတဲ့သူတွေကို လူသားဒိုင်း သဖွယ် ကာဗာလုပ်ပြီး ထွက်သွားကြတဲ့ သဘောပဲ ဖြစ်မယ်''ဟု မင်းတပ်ဒေသခံ တစ်ဦးက ပြောသည်။

မတူပီမြို့မှ ဆင်းလာသည့် အဆိုပါ စစ်ယာဉ်တန်းသည် မတူပီ-မင်းတပ် နေ့ဝက်ခရီးကို ၁၀ ရက် ကြာအောင်လာခဲ့ရကြောင်းနှင့် လမ်းခရီးတွင် CDF-မင်းတပ် အဖွဲ့၏ ကြားဖြတ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၇၀ နီးပါး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် လပိုင်းကလည်း ဟားခါးမှ ထန်တလန်မြို့သို့ ထွက်ခွာသည့် စစ်ကြောင်းသည် ဒေသခံများကို ဖမ်းဆီးကြိုးတုပ်၍ စစ်ကားတစ်စီးနှင့် တစ်စီး အကြားတွင် လူသားဒိုင်သဖွယ် ခေါ်ဆောင်သွားခဲ့ပြီး လေးမိုင်ခရီး အရောက်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...