မကွေးစည်ပင်ရုံးနှင့် ပညာရေးမှုးရုံးကို ဗုံးပစ်တိုက်ခိုက်

မကွေးစည်ပင်ရုံးနှင့် ပညာရေးမှုးရုံးကို ဗုံးပစ်တိုက်ခိုက်

မကွေးမြို့၊ ပြည်တော်သာလမ်းမကြီး မြောက်ဘက်ရှိ တိုင်းစည်ပင်ရုံး နှင့် တိုင်းပညာရေးမှူးရုံးတို့ကို နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းတွင် ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

တိုင်းစည်ပင်ရုံးကို နေ့လယ် ၁၂နာရီအချိန်တွင် တိုက်ခိုက်ခဲ့ပြီး တိုင်းပညာရေးမှူးရုံးကိုမူ ၁၂ နာရီ ၁၀ မိနစ်တွင် တိုက်ခိုက်ခဲ့ကြောင်း ဗိသာနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်အဖွဲ့ဝင်က ပြောသည်။

"ကနေ့က မကွေးမြို့ပေါ်ပဲ နှစ်နေရာပါ ခင်ဗျ။ No Chair ပျောက်ကြားတပ်ဖွဲ့နဲ့ပူးပေါင်းပြီးလုပ်ဆောင်ခဲ့တာပါ။ ထိခိုက်စာရင်းကတော့ မသိသေးဘူးခင်ဗျ။ ကင်းထောက်နေတုန်းပဲ၊ နေ့လည် ၁၂ နာရီနဲ့ ၁၂:၁၀ မှာ တိုင်းစည်ပင်ရုံးနဲ့ တိုင်းပညာရေးမှူးရုံးကို ဗုံးနဲ့ပစ်ခဲ့တာပါ။ အဝန်းဝိုင်းအတွင်းတော့ရောက်သွားပါတယ် ခင်ဗျ"ဟု ဗိသာနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် အဖွဲ့ဝင်က ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိသာနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် No Chair ပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...