ရန်ကုန်တိုင်းရှိ မြို့နယ် ၃ မြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၇ရက်အတွင်း နုတ်ထွက်ကြရန် MLF သတိပေးစာထုတ်

ရန်ကုန်တိုင်းရှိ မြို့နယ် ၃ မြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၇ရက်အတွင်း နုတ်ထွက်ကြရန် MLF သတိပေးစာထုတ်

ရန်ကုန်မြို့ရှိ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်နှင့် လှိုင်သာယာမြို့နယ် တို့မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအားလုံး ခုနှစ်ရက်အတွင်း နုတ်ထွက်ပြီး ပြည်သူနှင့်တစ်သားတည်းရပ်တည်သွားကြရန် မြန်မာ့လွတ်မြောက်ရေးတပ်ဖွဲ့ ( MLF )မှ ယနေ့နိုဝင်ဘာလ ၉ ရက်တွင် သတိပေးစာ ထုတ်ပြန်လိုက်သည်။

သတိပေးမှုကို မသိကျိုးကျွန်ပြုသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အပေါင်းအပါများကိုလည်း ပစ်ခတ်နှိမ်နင်းသွားရန် လက်ရွံ့ နေမည်မဟုတ်ကြောင်း MLF၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

" အုပ်ချုပ်ရေးမှူးတွေက ဆန္ဒတွေပြကြတဲ့ အချိန်ကတည်းက သတင်းပေးလုပ်ခဲ့ကြတယ်။ အခုလို ကျွန်တော်တို့တွေ ပစ်ခတ် တိုက်ခိုက်တဲ့အချိန်မှာလည်း တော်လှန်ရေးထဲမှာ ပါဝင်ပတ်သက်ခြင်းမရှိတဲ့ လူငယ်တွေလည်း သူတို့ မဟုတ်မမှန်သတင်းပေးလို့ ဖမ်းခံခဲ့ရတာတွေ ရှိတယ်။ ကျွန်တော်တို့က အခုအနီးကပ် စောင့်ကြည့်နေတယ်။ ပြည်သူတွေကို ကာကွယ် စောင့်ရှောက်ရမယ့်အစား ဒုက္ခတွေရောက်အောင် လုပ်နေတဲ့အတွက် ပြည်သူ့သစ္စာဖောက်အနေနဲ့ သတ်မှတ်ပြီး နှိမ်နင်းသွားမှာပါ။ စကစရဲ့ တကယ့်ထောက်တိုင်တွေဖြစ်တဲ့ စစ်သားနဲ့ရဲတွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်ချင်တဲ့အတွက် အခုလို နုတ်ထွက်ကြဖို့ ပြင်းထန်တဲ့ သတိပေးစာ ထုတ်ပြန်ရတာ ဖြစ်ပါတယ်" ဟု MLF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

MLFအနေဖြင့် ယင်းမြို့နယ် သုံးမြို့နယ် အတွင်းရှိ စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်‌ေရးမှူးများနှင့် နာမည်ကြီး သတင်းပေးဒလန်များကို ကာလရှည်ကြာစောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်ထားခဲ့ပြီး ရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ နစ်နာဆုံးရှုံးမှုများကိုလည်း စစ်တမ်းကောက်ယူထားခဲ့သည်ဟု ဆိုသည်။

ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၇ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ၏ထောက်တိုင်များကို ပစ်မှတ်ထား ပစ်ခတ်မှုအချို့ကို MLF နှင့် မဟာမိတ်ညီနောင်များက ဆောင်ရွက်ခဲ့ကြသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...