မဲလိမ်လည်မှုဟုဆိုကာ သက်သေမပြနိုင်သည့် စစ်အာဏာသိမ်းမှုကို ယူကေနိုင်ငံခြားရေးဝန်ကြီး ရှုတ်ချ

မဲလိမ်လည်မှုဟုဆိုကာ သက်သေမပြနိုင်သည့် စစ်အာဏာသိမ်းမှုကို ယူကေနိုင်ငံခြားရေးဝန်ကြီး ရှုတ်ချ

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီး၌ မဲလိမ်လည်မှုရှိသည်ဟုဆိုကာ သက်သေမပြနိုင်သည့် စွပ်စွဲချက်များဖြင့် စစ်အာဏာသိမ်းမှု အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ယူကေနိုင်ငံခြားရေးဝန်ကြီး Liz Truss က ယမန်နေ့ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ တစ်နှစ်ပြည့်နေ့တွင် ပြောကြားလိုက်သည်။

“စစ်တပ်ရဲ့ စွပ်စွဲချက်တွေဖြစ်တဲ့ မဲ မသမာမှုတွေဟာ အထောက်အထားခိုင်လုံမှု လုံးဝမရှိတဲ့အတွက် စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချကြောင်း ယူကေအစိုးရက ထပ်လောင်းပြောကြားလိုပါတယ်” ဟု ယူကေနိုင်ငံခြားရေးဝန်ကြီး Liz Truss က ပြောသည်။

ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် မဲမသမာမှုပေါင်း ၁၁ သန်းကျော် ရှိခဲ့သည်ဟုဆိုကာ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၁ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် အဆုံးသတ်သွားသော ဒီမိုကရေစီပြန်လည်ရှင်သန်ရေးအတွက် စစ်တပ်အနေဖြင့် အကြမ်းဖက်မှုများကို အမြန်ဆုံးအဆုံးသတ်ပြီး နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရမည့်အပြင် တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

ကိုရီးယားပြည်သူ့လွှတ်တော်အမတ် ၈၁ ဦးကလည်း ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပြီး ပြည်သူ့အစိုးရထံ ပြည်သူ့အာဏာ အမြန်ဆုံးအပ်နှင်းရန် အာဏာသိမ်း စစ်အုပ်စုကို ယမန်‌နေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုထားသည်။

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...