မန္တလေးမြို့၊ စိန်ပန်းရပ်ကွက်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး သေနတ်ပစ်ခံရ၍ သေဆုံး

မန္တလေးမြို့၊ စိန်ပန်းရပ်ကွက်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး သေနတ်ပစ်ခံရ၍ သေဆုံး

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်တွင် နိုဝင်ဘာလ ၈ရက် နံနက် အစောပိုင်းက အသက် ၅၈ နှစ်ခန့်အရွယ် စစ်ကောင်စီခန့် ရာအိမ်မှူး ဦးထွန်းထွန်း သေနတ်ဖြင့်ပစ်ခတ်ခံရပြီး အခင်းဖြစ်သည့် နေရာမှာပင် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“သူက သံနောက်ရပ်ကွက်ကပါ။ ရာအိမ်မှူးလို့တော့သိရတယ်။ နောက်ပိုင်းအသစ်ခန့်တာတွေ ဆိုတော့ဟုတ်၊ မဟုတ် မသေချာဘူး။ သေချာတာကတော့ ဒလန်လို့ နာမည်ထွက်နေတာကနေ ဒီမနက် ၇ နာရီခွဲလောက်က ပစ်သတ်ခံရတာပါ။ စိန်ပန်းဒေါ်ရင်မုန့်တီတောင်ဘက်နားလေး စိန်ပန်းလမ်းပေါ်မှာတင် ပစ်သတ်ခံရတာ၊ ပွဲချင်းပြီးပါပဲ” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သေနတ်ဖြင့်ပစ်ခံရသူသည် စစ်ကောင်စီကခန့်ထားသည့် ရာအိမ်မှူးဖြစ်ပြီး သေနတ်ဖြင့် လေးချက် အပစ်ခံရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

၎င်းသည် ပန်းချီဆရာတစ်ဦးလည်းဖြစ်ပြီး စစ်တပ်သတင်းပေးဒလန်ဟု နာမည်ထွက်နေကြောင်း ဒေသခံထံမှ သိရသည်။

အဆိုပါ ပစ်ခတ်နှင့်ပတ်သက်၍ GZP(Mandalay) နှင့် Myanmar Justice Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

သေဆုံးသူသည် ဒလန် ဟုတ်၊ မဟုတ်နှင့် အခြားအသေးစိတ် အချက်အလက်များကို မဇ္ဈိမကသီးခြားအတည်ပြုမရသေးပေ။

မဟာအောင်မြေမြို့နယ်တွင် ပြီးခဲ့သည့် နို၀င်ဘာလ ၄ ရက်ကလည်း သံလျက်မှော်အနောက်ရပ်ကွက်ယာယီ အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်ဆိုသူ သေနတ်ဖြင့် ငါးချက် ပစ်ခတ်ခံရပြီးသေဆုံးခဲ့သည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...