မော်လမြိုင်မြို့နယ် NLD ပါတီဥက္ကဌ ဒေါ်နွယ်နွယ်အောင် ဖမ်းဆီးခံရ

မော်လမြိုင်မြို့နယ် NLD ပါတီဥက္ကဌ ဒေါ်နွယ်နွယ်အောင် ဖမ်းဆီးခံရ

မော်လမြိုင်မြို့နယ် NLD ပါတီဥက္ကဌ ဒေါ်နွယ်နွယ်အောင် နေအိမ်တွင်ရှိနေစဥ် အောက်တိုဘာ ၂၇ ရက် ညအချိန်က လုံခြုံရေးတပ်ဖွဲ့ဝင်များ လာဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

မော်လမြိုင်ဈေးကြို၊ တောင်ဝိုင်းရပ်ကွက်၊ သမာဓိလမ်းရှိ ဒေါ်နွယ်နွယ်အောင်၏ နေအိမ်တွင် ရဲနှင့်စစ်သား အင်အား ၃၀ ကျော်က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း NLD ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံထားရသူ ဒေါ်နွယ်နွယ်အောင်သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၊ အမျိုးသား ညီညွတ်ရေးအစိုးရ NUG နှင့် ပတ်သက်မှုမရှိကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းအတွင်းက နစက ကောင်စီထံတွင် ခံဝန်လက်မှတ်ရေးထိုးခဲ့ပြီး နေအိမ်တွင် ပြန်လည်နေထိုင်နေရသူ ဖြစ်သည်။

သို့ရာတွင် ဒေါ်နွယ်နွယ်အောင်ကို ဖမ်းဆီးသွားသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး သိရှိထားခြင်းမရှိသေးကြောင်း၊ မည်သည့်စခန်းနေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရသေးကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒေါ်နွယ်နွယ်အောင်သည် မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) တွင် ခိုင်လုံမဲအရေအတွက် (၅၀၆၇၁) ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နစက ပြန်လည်ခန့်အပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က မဲတစ်ကြိမ်ထက်ပိုပေးသူများကို အရေးယူမည်ဆိုသည့် ညွှန်ကြားချက်တစ်စောင် အောက်တိုဘာလ ၂၇ ရက်က လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့နေသည်။

ဓာတ်ပုံ - ထိုင်းသတင်း
August 17, 2026
ထိုင်း-မြန်မာနယ်စပ်ဒေသ အပါအဝင် မြန်မာနိုင်ငံအတွင်း အသုံးပြုနေသည့် စတားလင့် (Starlink) စက်များ...
August 14, 2026
အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း...
August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...