မော်လမြိုင် အမှတ် (၁) ဈေးကြီးအား ပြန်ဖွင့်ခွင့်ပေး

မော်လမြိုင် အမှတ် (၁) ဈေးကြီးအား ပြန်ဖွင့်ခွင့်ပေး

မော်လမြိုင်မြို့နယ်အတွင်းရှိ အမှတ် (၁) ပြည်သူ့ဈေးကြီးအား အောက်တိုဘာ ၂၅ ရက်မှ စတင်ကာ ပြန်ဖွင့်လှစ်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဈေးကော်မတီထံမှ သိရသည်။

အမှတ် (၁) ဈေးအတွင်းရှိ ဆိုင်ရှင်နှင့်အလုပ်သမားအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည့် ထောက်ခံချက်ရှိရမည်ဖြစ်ကြောင်း ဈေးကော်မတီအဖွဲ့ဝင် ဦးစိုးက ပြောသည်။

"ဆိုင်ရှင်တွေက ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား ဖြစ်ရမယ်။ တစ်ကြိမ် နှစ်ကြိမ်ပေါ့။ ဆိုင်ရှင်ရော အလုပ်သမားရော အဲထောက်ခံချက်ကို လာစစ်တဲ့အခါ ပြနိုင်ရင်ရပြီ။ အဲလောက်ပဲ" ဟု ၄င်းကပြောသည်။

ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်၊ နှစ်ကြိမ် ထိုးထားပြီးသည့် ဆိုင်ရှင်နှင့် အလုပ်သမားများသည် ဆေးထိုးပြီးသည့် ထောက်ခံချက် မိတ္တူကို ဈေးတာဝန်ရုံးသို့ လာရောက်ပြသရမည်ဖြစ်ပြီး ကျန်းမာရေးဦးစီးဌာနမှ လာရောက်စစ်ဆေးရာတွင် ၄င်းထောက်ခံချက်ကို ပြသနိုင်ရမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ယခုအခါ ပွင့်လင်းရာသီရောက်လာပြီဖြစ်သောကြောင့် ဈေးပြန်ဖွင့်ခွင့်ရ‌သည့်အတွက် ဝမ်းသာမိကြောင်း အမှတ် (၁) ဈေးမှ အထည်ဆိုင်ပိုင်ရှင် မအေမီစိုးက ပြောသည်။

"အရမ်းပျော်တာပေါ့နော်။ အခုက ကထိန်တွေ ပွဲတော်တွေလာမယ့် ပွင့်လင်းရာသီဆိုတော့ အထည်တွေ၊ အလှကုန်တွေက ရောင်းရပြီလေနော်။ ဈေးပြန်ဖွင့်ခွင့်ရတော့ ဈေးသူဈေးသားတွေအတွက် အဆင်ပြေတာပေါ့" ဟု ၎င်းက ပြောသည်။

ဈေးဆိုင်ရှင်များသာမက ဈေးကိုမှီခိုနေသော အလုပ်သမားများ၊ ပျံကျဈေးသည်များအတွက်လည်း စားဝတ်နေရေး အဆင်ပြေလာမည်ဖြစ်ကြောင်း ဆက်ပြောသည်။

ဈေးပြန်ခွင့်ခွင့်ပေးထားသော်လည်း ဆိုင်တည်ခင်းရောင်းချနေသော ဆိုင်များနှင့် အလုပ်သမားများသည် ကိုဗစ်စည်းကမ်းချက်နှင့်အညီ ရောင်းချရမည်ဖြစ်ကြောင်း ဈေးကော်မတီက သတိပေးထုတ်ပြန်ထားသည်။

မော်လမြိုင်မြို့မြို့ အမှတ် (၁) စျေးကြီးနှင့် မြိုင်ရတနာဈေးတို့တွင် ဆိုင်ခန်းပေါင်း (၂၀၀၀) ကျော်ရှိပြီး ဈေးကိုမှီခိုလုပ်ကိုင်နေရကြသည့် အလုပ်သမားပေါင်း (၄၀၀၀) ကျော်ခန့်ရှိကြောင်း စျေးကော်မတီစာရင်းအရ သိရသည်။

 
 

 

 

(ဓာတ်ပုံ - Crd)
August 20, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ယနေ့ (ဩဂုတ်လ ၂၀...
(ဓာတ်ပုံ - MSDF / Crd)
August 19, 2026
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အနေဖြင့် နည်းပညာအကူအညီဖြင့် ပင်လယ်ပြင်နှင့် ရေကြောင်း စစ်ဆင်ရေးများ...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်တစ်ခု - Crd)
August 19, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်-ခလယ်တံခွန်တိုင် လမ်းပိုင်းရှိ အဘစ်စစ်ဆေးရေးဂိတ်တွင် ဒေသခံမဟုတ်...
မွန်သတင်းအေဂျင်စီ (၂၀၂၅ ခုနှစ် ကျုံလောင်းကျေးရွာ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ဘေး ရှောင်အချို့။ - ပုံဟောင်း)
August 18, 2026
ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသအတွင်း စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံများ...