အဘစ်စစ်ဆေးရေးဂိတ်တွင် နယ်ဝေးခရီးသွားများထံမှ ငွေညှစ်တောင်းခံမှု ပိုမိုဆိုးရွားလာ

အဘစ်စစ်ဆေးရေးဂိတ်တွင် နယ်ဝေးခရီးသွားများထံမှ ငွေညှစ်တောင်းခံမှု ပိုမိုဆိုးရွားလာ
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်တစ်ခု - Crd)
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်တစ်ခု - Crd)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်-ခလယ်တံခွန်တိုင် လမ်းပိုင်းရှိ အဘစ်စစ်ဆေးရေးဂိတ်တွင် ဒေသခံမဟုတ် သည့် နယ်ဝေးခရီးသွားများထံမှ ငွေကြေးကောက်ခံမှုများ ပိုမိုဆိုးရွားလာနေကြောင်း ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများက ပြောသည်။

ယခင်က ယာဉ်မောင်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမှုများ ရှိခဲ့သော်လည်း ယခုအခါ ခရီးသည်များကို ကိုယ်တိုင် စစ်ဆေးပြီး နယ်ဝေးခရီးသည်တစ်ဦးလျှင် ၂၀,၀၀၀ ကျပ် ထက်မနည်း မဖြစ်မနေ ပေးဆောင်နေရကြောင်း အဆိုပါ လမ်းကြောင်းတွင် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ဆိုသည်။

“မပေးရင် အချိန်ကြာကြာ စစ်ဆေးတာတွေ၊ မေးမြန်းတာမျိုးတွေ လုပ်တယ်။ ခရီးသည်တွေကလည်း ခရီးစဉ် ကြန့်ကြာမှာစိုးလို့ တောင်းတဲ့ငွေကို ပေးနေကြရတယ်။ အရင်ကတော့ ဆွေးနွေးညှိနှိုင်းလို့ ရတယ်။ အခုက နယ် ဝေးမှတ်ပုံတင်တစ်ခုဆိုရင် ကျပ်နှစ်သောင်းပဲ။ အဲပိုက်ဆံကတော့ ခရီးသည်တွေ ပေးရတယ်” ဟု အထက်ပါ ယာဉ်မောင်းက ပြောသည်။

နယ်ဝေး ခရီးသွားလာသူများအနေဖြင့် မှတ်ပုံတင် စစ်ဆေးခံရသည့်အပြင် ခရီးသွားလာသည့် အကြောင်းအရင်း၊ သွားမည့်နေရာနှင့် ခရီးစဉ်အခြေအနေများ မေးမြန်းခံရပြီး ငွေကြေးပေးဆောင်ပြီးမှသာ ခရီးဆက်ခွင့်ရရှိကြသည်။

ထို့ကြောင့် ခရီးသည်များမှာ သတ်မှတ်ထားသည့် ခရီးစရိတ်ထက် အကုန်ကျများသည့်အပြင် အချိန်ကြာမြင့်စွာ စစ်ဆေးမေးမြန်းခံနေရသဖြင့် ခရီးကြန့်ကြာမှုများ ရှိနေကြောင်း အဆိုပါလမ်းပိုင်းတွင် ခရီးသွားလာနေသူ တစ်ဦးက ပြောသည်။

“နယ်ခံ ကားသမားတွေကတော့ နယ်ဝေးကလူတွေဆိုရင် သိပ်မတင်ချင်ကြဘူး။ အဲ့ အဘစ်ဂိတ်မှာ အလုပ် မရှုပ်ချင်လို့၊ ရှောင်ကြတယ်။ အရင်ကတော့ ကားသမားတွေက နယ်ဝေးခရီးသည်တွေကို ကားခများများ တောင်းပြီး သူတို့ကပဲ ဂိတ်ကြေးပေးနေတာ။”

ကုန်တင်ယာဉ်မောင်းများသည်လည်း ယာဉ်တစ်စီးလျှင် ငွေကျပ် ၃၀၀,၀၀၀ ဝန်းကျင်အထိ ပေးဆောင်နေရပြီး အချို့မှာ ငွေကြေးအပြင် ကုန်ပစ္စည်းများကိုပါ ပေးဆောင်နေရသည်။

ထို့ပြင် ဒေသတွင်း စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်များကလည်း သတ်မှတ်ချက်မရှိဘဲ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြသည်။

စစ်အုပ်စု၏ အဘစ်စစ်ဆေးရေးဂိတ် တည်ရှိရာ မုဒုံ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ကားလမ်းပိုင်းသည် မွန်ပြည်မှ ကရင်ပြည်သို့ သာမက ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့ဘက်သို့ သွားလာရာတွင် အသုံးပြု သည့် အဓိက ကားလမ်းပိုင်းတစ်ခု ဖြစ်သည်။

အဆိုပါ ကားလမ်းပိုင်းတွင် ဒေသခံခရီးသွားများ၊ နယ်ဝေးခရီးသည်များနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ယာဉ် များ နေ့စဉ် ရာပေါင်းများစွာ ဖြတ်သန်းသွားလာလျက် ရှိသည်။

(ဓာတ်ပုံ - Crd)
August 20, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ယနေ့ (ဩဂုတ်လ ၂၀...
(ဓာတ်ပုံ - MSDF / Crd)
August 19, 2026
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အနေဖြင့် နည်းပညာအကူအညီဖြင့် ပင်လယ်ပြင်နှင့် ရေကြောင်း စစ်ဆင်ရေးများ...
မွန်သတင်းအေဂျင်စီ (၂၀၂၅ ခုနှစ် ကျုံလောင်းကျေးရွာ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ဘေး ရှောင်အချို့။ - ပုံဟောင်း)
August 18, 2026
ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသအတွင်း စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံများ...
ဓာတ်ပုံ - ထိုင်းသတင်း
August 17, 2026
ထိုင်း-မြန်မာနယ်စပ်ဒေသ အပါအဝင် မြန်မာနိုင်ငံအတွင်း အသုံးပြုနေသည့် စတားလင့် (Starlink) စက်များ...