မွန်ပြည်နယ်က NLD မြို့နယ်ရုံး ၃ ရုံး ဗုံးဖောက်ခွဲဖျက်ဆီးခံရ

မွန်ပြည်နယ်က NLD မြို့နယ်ရုံး ၃ ရုံး ဗုံးဖောက်ခွဲဖျက်ဆီးခံရ

မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့ပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မြို့နယ်ရုံး ၃ ရုံးအား အောက်တိုဘာ ၂၃ ရက် ညပိုင်းအချိန်က တပြိုင်တည်းဗုံးခွဲဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။

ည ၁၁ နာရီခွဲဝန်းကျင်ခန့်အချိန်တွင် တစ်ပြိုင်နက်တည်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရုံးအဆောက်အအုံ အပျက်အစီးများရှိကြောင်း သိရှိရသည်။

"နေရာ ၃ ခုလုံးမှာ တပြိုင်တည်းပေါက်တာတဲ့။ ဖြစ်တဲ့အချိန်ကလည်း ကာဖျူးချိန်ကြီး။ ပြီးတော့ ပေါက်တဲ့နေရာက NLD ရုံးဆိုတော့ ဘယ်သူတွေဖြစ်နိုင်မလဲ စဥ်းစားကြည့်ပေါ့" ဟု ကျိုက်ထိုမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဘီးလင်းမြို့ ဆရာစံရပ်ကွက်ရှိ ဘီးလင်းမြို့နယ် NLD ပါတီရုံး၊ သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ သထုံမြို့နယ် NLD ပါတီရုံးနှင့် ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်ရှိ ကျိုက်ထိုမြို့နယ် NLD ပါတီရုံးနေရာများ ဗုံးထောင်ဖောက်ခွဲ ခံခဲ့ရခြင်းဖြစ်သည်။

ယင်းသို့ မြို့နယ်ဗုံးထောင်ဖောက်ခွဲခံရမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ရုံးအဆောက်အဦး၊ ခြံစည်းရိုးသံပန်းတံခါး၊ မှန်တံခါးများ၊ ပါတီဆိုင်းဘုတ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းများသို့ ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ပြောဆိုခဲ့သည်။

အလားတူ တနၚ်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ NLD ပါတီ တိုင်း/ခရိုင်ရုံးချုပ်ရုံးအဆောက်အအုံကို အောက်တိုဘာ ၂၁ ရက် နံနက်စောစောပိုင်းတွင်လည်းကောင်း၊ မြိတ်မြို့ရှိ NLD ပါတီ ခရိုင်/မြို့နယ်ရုံးကို အောက်တိုဘာ ၂၀ ရက်ညပိုင်းတွင်လည်းကောင်း ဗုံးဖောက်ခွဲဖျက်ဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။

 
 

 

 

(ဓာတ်ပုံ - Crd)
August 20, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ယနေ့ (ဩဂုတ်လ ၂၀...
(ဓာတ်ပုံ - MSDF / Crd)
August 19, 2026
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အနေဖြင့် နည်းပညာအကူအညီဖြင့် ပင်လယ်ပြင်နှင့် ရေကြောင်း စစ်ဆင်ရေးများ...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်တစ်ခု - Crd)
August 19, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်-ခလယ်တံခွန်တိုင် လမ်းပိုင်းရှိ အဘစ်စစ်ဆေးရေးဂိတ်တွင် ဒေသခံမဟုတ်...
မွန်သတင်းအေဂျင်စီ (၂၀၂၅ ခုနှစ် ကျုံလောင်းကျေးရွာ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ဘေး ရှောင်အချို့။ - ပုံဟောင်း)
August 18, 2026
ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသအတွင်း စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံများ...