ထားဝယ်နှင့်မြိတ်မြို့ပေါ်ရှိ NLD ပါတီရုံး ၂ ရုံး ဗုံးဖောက်ခွဲခံရ

ထားဝယ်နှင့်မြိတ်မြို့ပေါ်ရှိ NLD ပါတီရုံး ၂ ရုံး ဗုံးဖောက်ခွဲခံရ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နှင့် မြိတ်မြို့ပေါ်ရှိ NLD ပါတီတိုင်းရုံးနှင့် ခရိုင်/မြို့နယ်ရုံးအပါအဝင် ရုံး ၂ ရုံး တစ်ရက်စီခြား၍ ဗုံးဖောက်ခွဲခံရကြောင်း သတင်းရရှိသည်။

ထားဝယ်မြို့၊ ကရပ်ပြင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တိုင်းရုံးချုပ်အဆောက်အအုံတစ်ခုလုံး အောက်တိုဘာ ၂၁ ရက် နံနက် ၂ ခွဲခန့်တွင် ဗုံးဖောက်ခွဲခံရသည်ဟု သတင်းရရှိသည်။

ဗုံးပေါက်ကွဲမှုကြောင့် NLD ပါတီရုံး အဆောက်အအုံတစ်ခုလုံး ပြိုကျပျက်စီးခဲ့ပြီး အနီးအနားရှိနေသူများ သွားရောက်မကြည့်ရဲကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

၄င်းက “ပေါက်ကွဲတဲ့အသံကျယ်ကြီးနဲ့ မြေကြီးတုန်သွားတာပဲ ဘယ်သူမှသွားမကြည့်ရဲဘူး၊ အနီးအနားအိမ်တွေက ကြောက်လန့်နေတုန်းပဲ” ဟု ဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် လူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာမရရှိသော်လည်း အနီးအနားရှိ နေအိမ်တချို့ အစအနများထိမှန်၍ ပျက်စီးမှုအချို့ရှိခဲ့သည်ဟု ဆိုသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက် နံနက်စောစောပိုင်းမှာလည်း မြိတ်မြို့၊ ရေပုံးရပ်ကွက်၊ ရေကမ္ဘာလမ်းထောင့် တိုင်းရင်းဆေးရုံရှေ့ရှိ NLD ပါတီခရိုင်နှင့် မြို့နယ်ရုံး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရုံးနံရံနှင့် မှန်အချို့ ပျက်စီးခဲ့သည်ဟု သတင်းရရှိသည်။

အဆိုပါ NLD ခရိုင်နှင့် မြို့နယ်ရုံးပါတီအလံကို ဖြုတ်ချ၍ ပါတီဆိုင်းဘုတ်ကိုလည်း ဆေးအမဲသုတ်ခဲ့ပြီး မိုင်းဖောက်ခွဲမှုကြောင့် ရုံးမျက်နှာစာ တံခါးမှန်များနှင့် အဆောက်အအုံတစ်ခုလုံးနီးပါး ပျက်စီးခဲ့ပြီး ရုံးပိုင်ပစ္စည်းများအားလုံး ဖျက်ဆီးခံရကြောင်း ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်မြို့အပါအဝင် မြို့နယ်အချို့တွင် အမေရိကန်နိုင်ငံသားအားလုံး ထွက်ခွာကြရန် အောက်တိုဘာလ ၁၄ ရက်နေ့က အမေရိကန်သံရုံးမှ သတိပေးထုတ်ပြန်ခဲ့သည်

 
 

 

 

(ဓာတ်ပုံ - Crd)
August 20, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ယနေ့ (ဩဂုတ်လ ၂၀...
(ဓာတ်ပုံ - MSDF / Crd)
August 19, 2026
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အနေဖြင့် နည်းပညာအကူအညီဖြင့် ပင်လယ်ပြင်နှင့် ရေကြောင်း စစ်ဆင်ရေးများ...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်တစ်ခု - Crd)
August 19, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်-ခလယ်တံခွန်တိုင် လမ်းပိုင်းရှိ အဘစ်စစ်ဆေးရေးဂိတ်တွင် ဒေသခံမဟုတ်...
မွန်သတင်းအေဂျင်စီ (၂၀၂၅ ခုနှစ် ကျုံလောင်းကျေးရွာ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ဘေး ရှောင်အချို့။ - ပုံဟောင်း)
August 18, 2026
ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသအတွင်း စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံများ...