မွန်ပြည်နယ်တွင် လွတ်ငြိမ်းခွင့်ဖြင့် ဖမ်းဆီးခံရသူ ၂၅၀ ကျော် ပြန်လွှတ်ပေး

မွန်ပြည်နယ်တွင် လွတ်ငြိမ်းခွင့်ဖြင့် ဖမ်းဆီးခံရသူ ၂၅၀ ကျော် ပြန်လွှတ်ပေး

မွန်ပြည်နယ်တွင် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သောကြောင့် ဖမ်းဆီးခံပြီး ပြစ်ဒဏ်ကျခံနေသူနှင့် အမှုရင်ဆိုင်နေရသူ ၂၅၀ ကျော်ကို လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်နယ်အကျဉ်းဦးစီးဌာနမှ သိရသည်။

အောက်တိုဘာ ၁၈ ရက်ညပိုင်းတွင် ၃၅ ဦးနှင့် အောက်တိုဘာ ၁၉ ရက်တွင် ၂၁၆ ဦး စုစုပေါင်း ၂၅၁ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

"တရားရုံးက အမိန့်ချပြီးတဲ့သူတွေရော၊ အမှူရင်ဆိုင်နေဆဲ လူတွေရောပေါ့ ပါတယ်။ အမှုရင်ဆိုင်နေရတဲ့သူတွေကိုတော့ တရားရေးနဲ့ ရဲဘက်က စိစစ်တာပေါ့" ဟု ၎င်းက ပြောသည်။

သထုံအကျဉ်းထောင်၊ မော်လမြိုင် အကျဉ်းထောင်နှင့် ကျိုက်မရောအကျဉ်းထောင်တို့မှ ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံရကာ ပြစ်ဒဏ်ကျနေသူများနှင့် အမှုရင်ဆိုင်နေရသူများကို အမှုပိတ်သိမ်းပြီး လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဆက်ပြောသည်။

အဆိုပါ ပြန်လည်လွှတ်မြောက်လာသူများတွင် NLD ပါတီဝင်များနှင့် တက္ကသိုလ်ကျောင်းသားများ အများဆုံးဖြစ်ကြောင်း၊ နှစ်ရက်အတွင်း ပြန်လည်လွတ်မြောက်လာသူများထဲတွင် ကျောင်းသား ၂၅ ဦးထိ ပါဝင်ကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက် အရ သိရသည်။

"ယခုအချိန်ထိ မတရားဖမ်းဆီးခံရသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် မော်လမြိုင်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၂၅ ဦး ပါဝင် လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါတယ်" ဟု ထုတ်ပြန်ထားသည်။

မော်လမြိုင်တက္ကသိူလ် ကျောင်းသူတစ်ဦးက "ကျန်နေပါသေးတယ်။ ကျောင်းသူ၊ ကျောင်းသားတွေ အများကြီး ကျန်နေသေးတယ်။ သူတို့တွေကိုပါ အကုန် ပြန်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်" ဟု ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အောက်တိုဘာ ၁၈ ရက် နေ့လည်ပိုင်းတွင် ပြစ်ဒဏ်ကျခံနေရသူ ၁၃၁၆ ဦးနှင့် အမှုရင်ဆိုင်နေရသူ ၄၃၂၀ ဦးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ရသူများသည် နောက်ထပ်ပြစ်မှုကျုးလွန်ခဲ့ပါက လက်ရှိအပြစ်ဒဏ်အပြင် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ကျခံရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 
 

 

 

(ဓာတ်ပုံ - Crd)
August 20, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ယနေ့ (ဩဂုတ်လ ၂၀...
(ဓာတ်ပုံ - MSDF / Crd)
August 19, 2026
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အနေဖြင့် နည်းပညာအကူအညီဖြင့် ပင်လယ်ပြင်နှင့် ရေကြောင်း စစ်ဆင်ရေးများ...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်တစ်ခု - Crd)
August 19, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်-ခလယ်တံခွန်တိုင် လမ်းပိုင်းရှိ အဘစ်စစ်ဆေးရေးဂိတ်တွင် ဒေသခံမဟုတ်...
မွန်သတင်းအေဂျင်စီ (၂၀၂၅ ခုနှစ် ကျုံလောင်းကျေးရွာ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ဘေး ရှောင်အချို့။ - ပုံဟောင်း)
August 18, 2026
ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသအတွင်း စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံများ...