ကျောင်းပြန်ဖွင့်ရန် မိုးကောင်းမြို့နယ် ပင်းဘောတိုက်နယ်က ကျောင်းသား/သူ များ တစ်ထောင်ကို Covid-19 ကာကွယ်ဆေး စထိုး

ကျောင်းပြန်ဖွင့်ရန် မိုးကောင်းမြို့နယ် ပင်းဘောတိုက်နယ်က ကျောင်းသား/သူ များ တစ်ထောင်ကို Covid-19 ကာကွယ်ဆေး စထိုး

လာမယ့် နိုဝင်ဘာလတွင် ကျောင်းများပြန်ဖွင့်နိုင်ရန်အတွက် အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မိုးကောင်းမြိုန့ယ်အတွင်းက ပင်းဘောတိုက်နက်ရှိ ကျောင်းသား/သူ အယောက်တစ်ထောင်ကိုလည်း ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပထမဆုံးအကြိမ် ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပင်းဘောတိုက်နယ်ခန်းမတွင် ကျန်းမာရေးဝန်ထမ်းများ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ အမျိုးသမီးရေးရာ မိခင်ကလေးစောက်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံမီးသတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ပညာရေးဝန်ထမ်းများ ကျေးရွာတာဝန်ခံများမှ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

စစ်ကောင်စီ၏ ကျန်းမာရေးဌာနက အသက် ၁၂ နှစ်အထက်ကျောင်းသားများကို ထိုးနှံရာတွင် ၂၀၂၁ ခုနှစ် ဇွန်လက ကျောင်းတက်ထားသူများကိုသာ အကျုံးဝင်ပြီး ကျောင်းအပ်ပြီးမတက်သူများ ကျောင်းမတက်သူများကို ထိုးနှံပေးမည်မဟုတ်ကြောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပုဂ္ဂလိက ကျောင်းများလည်း ထိုးနှံမည့်အစီအစဉ်တွင် မပါဝင်သေးကြောင်း ပြောဆိုထားသည်။

၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...