အသက် ၁၂ နှစ်အထက်ကျောင်းသားကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ

အသက် ၁၂ နှစ်အထက်ကျောင်းသားကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ
မုဒုံမြို့ အထက(၁) တွင် အသက် ၁၂ နှစ် အထက်ကျောင်းသူတစ်ဦး Covid 19 ကာကွယ်ဆေးထိုးနေစဥ် (MRTV)
မုဒုံမြို့ အထက(၁) တွင် အသက် ၁၂ နှစ် အထက်ကျောင်းသူတစ်ဦး Covid 19 ကာကွယ်ဆေးထိုးနေစဥ် (MRTV)

မွန်ပြည်နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူ ၆ သောင်းကျော်ကို သတ်မှတ်ထားသည့်ဆေးထိုးစုရပ်များ၌ COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကစာသင်ကျောင်းများ၌ ယခုနှစ် ကျောင်းအပ်ကာလတွင် ကျောင်းအပ်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများကိုသာလျှင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။

"ကျွန်တော်တို့ အောက်တိုဘာလ ၁၇ ရက်နေ့ကနေ စတင်ထိုးနှံပေးနေတာပါ။ သီတင်းကျွတ်လပြည့်နေ့ တစ်ရက်ကိုတော့ မထိုးပေးပါဘူး။ နောက်ရက်မှာတော့ ဆက်လက်ထိုးနှံပေးသွားမှာပါ" ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ဆေးထိုးစုရပ်ပေါင်း ၁၁၆ နေရာသတ်မှတ်ထားပြီး တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။

မုဒုံမြို့နယ်ရှိ ကျောင်းသားကျောင်းသူများကို ၈ ရက်အတွင်း ကိုဗစ်ကာကွယ်ဆေးအပြီးထိုးနှံသွားဖို့ လျာထားကြောင်း မုဒုံမြို့ မြန်မာ့လူငယ် ပရဟိတအဆင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

"ကျွန်တော်တို့ပရဟိတအသင်းက မြို့နယ်ကျန်းမာရေးမှူးရုံးကနေ ကာကွယ်ဆေးထိုးပေးတာကို ဝိုင်းဝန်းကူညီတာပါ။ အောက်တိုဘာ ၁၇ ကနေ ၂၅ ရက်နေ့အထိ ထိုးပေးမှာပါ။ အခုက ကျောင်းသားကျောင်းသူတွေရဲ့ လေးဆယ်ရာခိုင်နှုန်းလောက်ပဲ ပြီးသေးတယ်။ ထိုးပြီးတဲ့ကျောင်းသားတွေထဲမှာ ဖျားတာမျိုးမရှိသေးဘူး။ ဆေးရဲ့ တခြားဘေးထွက်ဆိုးကျိုးတွေ မတွေ့ရသေးဘူး" ဟု ၄င်းကဆိုသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အလိုက်လက်ခံရရှိထားသော ကျောင်းသူကျောင်းသားများ စာရင်းအရ မော်လမြိုင် ၈၈၆၀ ဦး၊ ချောင်းဆုံ ၅၁၉၀ ဦး၊ ကျိုက်မရော ၇၀၆၅ ဦး၊ မုဒုံ ၇၁၅၇ ဦး၊ သံဖြူဇရပ် ၆၅၆၉ ဦး၊ ရေး ၇၂၀၅ ဦး၊ သထုံ ၆၄၂၀ ဦး၊ ကျိုက်ထို ၄၈၀၄ ဦး၊ ဘီးလင်း ၅၉၈၉ ဦးနှင့် ပေါင် ၇၀၀၆ ဦး စုစုပေါင်း ၆၆၂၇၃ ဦးတို့ပါဝင်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

(ဓာတ်ပုံ - Crd)
August 20, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ယနေ့ (ဩဂုတ်လ ၂၀...
(ဓာတ်ပုံ - MSDF / Crd)
August 19, 2026
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အနေဖြင့် နည်းပညာအကူအညီဖြင့် ပင်လယ်ပြင်နှင့် ရေကြောင်း စစ်ဆင်ရေးများ...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်တစ်ခု - Crd)
August 19, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်-ခလယ်တံခွန်တိုင် လမ်းပိုင်းရှိ အဘစ်စစ်ဆေးရေးဂိတ်တွင် ဒေသခံမဟုတ်...
မွန်သတင်းအေဂျင်စီ (၂၀၂၅ ခုနှစ် ကျုံလောင်းကျေးရွာ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ဘေး ရှောင်အချို့။ - ပုံဟောင်း)
August 18, 2026
ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသအတွင်း စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံများ...