စစ်ကောင်စီက ဆန္ဒပြမှုတွင်ပါဝင်ပြီး အကျဉ်းကျသူ တစ်ထောင်ကျော်ပြန်လွတ်ပြီး တရားစွဲဆိုခံရသူ လေးထောင်ကျော်ကို အမှုပိတ်သိမ်း မိုးညှင်းမြို့ ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးသူအားလုံးနီးပါးပါဝင်

စစ်ကောင်စီက ဆန္ဒပြမှုတွင်ပါဝင်ပြီး အကျဉ်းကျသူ တစ်ထောင်ကျော်ပြန်လွတ်ပြီး တရားစွဲဆိုခံရသူ လေးထောင်ကျော်ကို အမှုပိတ်သိမ်း မိုးညှင်းမြို့ ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးသူအားလုံးနီးပါးပါဝင်

စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲများတွင် ပါဝင်ဆန္ဒပြခဲ့သောကြောင့် စစ်ကောင်စီက ဖမ်းဆီးခဲ့ရာ ထိုထဲမှ (၁၃၁၆) ဦးနှင့် တရားစွဲဆို ရင်ဆိုင်နေရသူ (၄၃၂၀) ဦးကို စစ်ကောင်စီက ပြန်လွတ်ပေးမည်ဖြစ်ကြောင့် ထုတ်ပြန်ခဲ့သည်။

မိုးညှင်းမြို့နယ်တွင်လည်း စစ်ကောင်စီက ဆန္ဒပြပွဲများကို ဖြိုခွင်းပြီး ဖမ်းဆီးခံရသည့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းဆရာ/မများနှင့် ကျောင်းသားလူငယ်များကို ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

”မိုးညှင်းက ပုဒ်မ ၅၀၅ အကုန်နီးပါးလွတ်တယ်တဲ့၊ မမြတ်လဲပါတယ်” ဟု ဒေသခံလူငယ်တစ်ဦးက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့၏ စာရင်းပြုစုထားမှုအရ နွေဦးတော်လှန်ရေးကြောင့် ဖမ်းဆီးခံရသူ ၉၀၄၃ ဦးရှိပြီး ၇၃၅၅ ဦးက ချုပ်နှောင်ထားခံရဆဲဖြစ်သည်ဟုဆိုသည်။

ယနေ့ လွတ်ပေးမည့်သူများထဲတွင် နိုင်ငံရေးပုဂ္ဂိုလ်တချို့၊ အနုပညာရှင်များ၊ Social Influencer များနှင့် သတင်းမီဒီီယာများလည်း ပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီထုတ်ပြန်ချက်တွင်် လွတ်ပေးသူများသည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို ဆက်လက်ကျခံရမည်ဟုလည်း ထုတ်ပြန်ထားသည်။

 
 

 

 

ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...
April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...