ရှမ်းနီစာပေ Grade-2,Grade-3 သင်ရိုးညွှန်းတမ်း နောက်ဆုံးအကြိမ် ဆွေးနွေးမည်

ရှမ်းနီစာပေ Grade-2,Grade-3 သင်ရိုးညွှန်းတမ်း နောက်ဆုံးအကြိမ် ဆွေးနွေးမည်

ရှမ်းနီစာပေ Grade-2,3 သင်ရိုးညွှန်းတမ်းအတည်ပြုရေးအတွက် နောက်ဆုံးအကြိမ်ဆွေးနွေးမှုကို ရှမ်းနီအမျိုးသားစာပေ သင်ရိုးညွှန်းတမ်းရေးဆွဲရေးကော်မတီက ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကော်မတီက အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဟုမ္မလင်းမြို့နယ် ဘုရားငါးဆူ ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“Grade-၃,၄ က soft copy တွေကော ၊ Hard ကော်ပီတွေကောပေးထားပြီးတာကြာပြီ၊ အဓိကတော့ KG တွေကော Grade 1  တွေကောပါမယ်ထင်တယ်ကော“ ဟု ဗန်းမောက်မြိုန့ယ် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးထွန်းမြင့်က ဆိုသည်။

Grade-3,4 သင်ရိုးညွှန်းတမ်းများကို လွန်ခဲ့သည့်နှစ်နှစ်ကတည်းက ဆွေးနွေးညှိနှိုင်းသဘောတူညီမှုတချို့ ရရှိထားပြီး Covid-19 ကြောင့် တွေ့ဆုံဆွေးနွေးမှု ရပ်တန့်ထားခဲ့ရခြင်းဖြစ်သည်။

လွန်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရှမ်းနီကျောင်းသားများအတွက် KG နှင့် Grade-1 စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေပေးခဲ့သည်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...