ရခိုင်မှ အကျဉ်းသားနှင့် အချုပ်သား ၅၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေး၊ ထပ်မံထိုးပေးရန်ရှိ

ရခိုင်မှ အကျဉ်းသားနှင့် အချုပ်သား ၅၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေး၊ ထပ်မံထိုးပေးရန်ရှိ

ရခိုင်ပြည်နယ်အတွင်းက အကျဉ်းသားနှင့် အချုပ်သား ၅၀၀ ကျော်ကို တရုတ်နိုင်ငံထုတ်ကိုဗစ်ကာကွယ်ဆေး ထိုးပေးထားပြီး ဆက်လက် ထိုးနှံပေးရန်ရှိကြောင်းလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“သူတို့ဖက်က ထိုးမယ့်လူရှိတယ်လို့တင်ပြလာရင် ကျွန်တော်တို့ဖက်က ထိုးပေးတယ်။ နောက်ထပ်လည်း ထိုးပေးသွားမယ်၊ ကန့်သတ်ထားတာတော့မရှိဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းက သံတွဲနှင့် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား (၁၃၄)ဦးနှင့် တခြားမြို့နယ်ရှိ အကျဉ်းသားများနှင့် အချုပ်သား (၃၇၂) ဦးတို့ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးထားကြောင်း သိရသည်။

“ထိုးတာကတော့ Sinovac နဲ့ Sinopharm ပါ။ Sinovac ကိုတော့ သံတွဲထောင်နဲ့ စစ်တွေထောင်က လူဦးရေတစ်ရာကျော်ကို ထိုးပေးထားတယ်။ နောက်ထပ်မြို့နယ်အသီးသီးကထောင်တွေက လူဦးရေသုံးရာကျော်ကိုတော့ Sinopharm ကာကွယ်ဆေးထိုးပေးထားပါတယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်းက အသက် ၁၂ နှစ်အထက် ကျောင်းသား/သူ ၂ သိန်းကျော်ကို အောက်တိုဘာလ ၁၇ နေ့မှစတင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးပေးလျက်ရှိနေသည်။

ရခိုင်ပြည်နယ်မှ မြို့နယ်များတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ စုစုပေါင်း ၄ သိန်းကျော်အထိရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာ ၅၀၁၈ ဦးရှိခဲ့ပြီး ယင်းအထဲမှသေဆုံးသူ ၄၈၄ ဦးရှိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ အောက်တိုဘာ ၁၇ ရက်နေ့အထိ စာရင်းအရသိရသည်။

 
 

 

 

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...