ကျိုက်ထီးရိုးဘုရားမှ ဈေးဆိုင်ခန်းများ ယာယီလေလံကြေး ပေးသွင်းရန်မလိုဘဲ ဖွင့်လှစ်ခွင့်ပြု

ကျိုက်ထီးရိုးဘုရားမှ ဈေးဆိုင်ခန်းများ ယာယီလေလံကြေး ပေးသွင်းရန်မလိုဘဲ ဖွင့်လှစ်ခွင့်ပြု

ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားမှ စျေးဆိုင်ခန်းများကို လေလံကြေးပေးသွင်းရန်မလိုဘဲ ဖွင့်လှစ်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဂေါပကအသိုင်းအဝိုင်းမှ သိရသည်။

"အခု တိုင်းပြည်အခြေအနေနဲ့ တခြားအခြေအနေတွေကို စောင့်ကြည့်ပြီး ပေးသင့်မပေးသင့်ကို ကျွန်တော်တို့ အရင်ရက်က ဆွေးနွေးခဲ့ကြပါတယ်။ အခုကင်းလွတ်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကိုဗစ်ကြောင့်ပိတ်ထားရတာလဲ ကြာပြီ။ ခရီးသွားတွေလည်း အရင်လောက်မများသေးဘူး။ အဲဒါတွေကြောင့် ဖြေလျော့ပေးတဲ့အနေနဲ့လုပ်ပေးတာပါ" ဟု ဂေါပကတစ်ဦးမှ ဆိုသည်။

စျေးဆိုင်ခန်းများအတွက် လေလံကြေးကို ယာယီကင်းလွတ်ခွင့်ပြုထားပြီး ခရီးသွားအရေအတွက် များလာသည့်အခါ ပြန်လည်ကောက်ခံဖို့ အစီအစဥ်ရှိကြောင်း၊ ယခင်က ကျိက်ထီးရိုးဘုရားစျေးတန်းမှ ဆိုင်ခန်းများသည် လေလံကြေးကို သိန်းဆယ်ဂဏန်းအထိ ပေးဆောင်ရကြောင်း သိရသည်။

"အခုလည်း ခရီးသွားနည်းနည်းတော့ရှိတာပဲ။ ဆိုင်ခန်းတွေလည်းတွေ့ပါတယ်။ အရင်ကလောက်တော့ လူမများပေမယ့် အရမ်းနည်းနေတာမျိုးလဲမဟုတ်ပါဘူး သီတင်းလည်းကျွတ်တော့မယ်ဆိုတော့လေ။" ဟု ကျိုက်ထီးရိုးဘုရားသို့ သွားရောက်ဖူးမမျှော်ခဲ့ရသူတစ်ဦးက ဆိုသည်။

ကိုဗစ်ကာလကြောင့် ပိတ်ထားရသော ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားတွင် ခရီးသွားပြည်သူများ တဖြည်းဖြည်း ပြန်လည်များပြားလာပြီး ဆိုင်ခန်းနှင့်ဟော်တယ်များ ပြန်လည်ဖွင့်လှစ်သည်ကိုတွေ့မြင်လာရကြောင်း ခရီးသွားများထံမှ သိရသည်။

စျေးဆိုင်ခန်းများကို ယာယီ လေလံကြေး ကင်းလွတ်ခွင့်ပြုလိုက်သော်လည်း ဘုရားရင်ပြင်တွင် စျေးရောင်းသူများကို ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ဂေါပကရုံးမှ သိရသည်။

လာမည့်သီတင်းကျွတ်လပြည့် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဗုဒ္ဓပူဇနိယပွဲတော်နှင့်အတူ တောင်တော်ဖွင့်ပွဲကို ကိုဗစ်စည်းကမ်းများနှင့်အညီ အကျဥ်းချုပ်ဖွင့်လှစ်သွားမည် ဖြစ်သည်။

 
 

 

 

May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...