ရခိုင်မြောက်ပိုင်း ၁၀ မြို့နယ်မှ ကျောင်းသား၊သူ တစ်သိန်းနှစ်သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေး မနက်ဖြန်စထိုးမည်

ရခိုင်မြောက်ပိုင်း ၁၀ မြို့နယ်မှ ကျောင်းသား၊သူ တစ်သိန်းနှစ်သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေး မနက်ဖြန်စထိုးမည်

ရခိုင်ပြည်မြောက်ပိုင်း ၁၀ မြို့နယ်မှ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ကျောင်းသူ တစ်သိမ်းနှစ်သောင်းကျော်ကို အောက်တိုဘာ ၁၇ ရက်နေ့စ၍ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

စစ်တွေသို့ ယနေ့အာက်တိုဘာ ၁၆ ရက်နေ့တွင် Sinopharm ကိုဗစ်ကာကွယ်ဆေးအမျိုးအစား အလုံးရေ (၆၄၃၇၅) ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ဆေးက ဒီနေ့ရောက်တယ်။ မနက်ဖြန် စထိုးမှာပါ။ ဆေးအလုံးအရေအတွက် ၆၄၃၇၅ လုံးပါတယ်။ အကုန်လုံးက ၁၂ နှစ်အထက် ကျောင်းသား၊ကျောင်းသူတွေကို ထိုးပေးသွားမှာပါ။ ဆေးတစ်လုံးကို ၂ ယောက်ကျထိုးရင် ၁ သိန်း ၂ သောင်းကျော်ရတာပေါ့နော်။ မြောက်ပိုင်း ၁၀ မြို့နယ်မှာ အဲဒီလောက်ကို ထိုးပေးသွားမှာပါ။ ရခိုင်တပြည်နယ်လုံးအတိုင်းအတာအနေနဲ့ဆိုရင် ၁၈၇၇၄၄ ကျော် ထိုးပေးရမှာပါ” ဟု ဆိုသည်။

ယင်းကဲ့သို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသည့်အပေါ် ကျောင်းသားမိဘအနေဖြင့် ကြိုဆိုသည်ဟု ဒေါ်ထွေးထွေးလေးက ပြောသည်။

“ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ရတဲ့အချိန်မှာ ထိုးမှာပါ။ ဘယ်အချိန်ပဲ ထိုးပေးထိုးပေး ကျမတို့ သားသမီးတွေကို ကာကွယ်ဆေး ထိုးပေးဖို့ကြိုဆိုပါတယ်။ အမြန်ဆုံးထိုးပေးရင်တော့ ပိုကောငး်တာပေါ့။ ကိုဗစ်ကာကွယ်ဆေးထိုးပြီးရင်လည်း ကျောင်းကိုပါအမြန်ဆုံးဖွင့်စေချင်ပါတယ်“ ဟု ဆိုသည်။

ရခိုင်မြောက်ပိုင်း ၁၀ မြို့နယ်မှ ၅ တန်းမှ ၈ တန်းအထိ ပျမ်းမျှ ကျောင်းသား၊ကျောင်းသူစုစုပေါင်း ၂ သိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်းဖြစ်သည်။

သို့သော်လည်း ပြင်ပမှဖြေဆိုသည့် တက္ကသိုလ်ဝင်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးမထိုးရမည်ကို လည်းစိုးရိမ်နေကြသည်။

ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီးမှ အခြေခံပညာစာသင်ကျောင်းများအား ပြန်ဖွင့်ပေးနိုင်ခြေရှိပြီး ပြည်ပဖြေဆိုမည့် ကျောင်းသား/သူများအားလုံးစာရင်းကို ကောက်ယူကာ မချန်မလှပ်ပဲ ကာကွယ်ဆေးထိုးပေးစေလိုကြောင်း စစ်တွေမြို့မှ ကျောင်းသူ မခင်စန္ဒာကလည်း ပြောသည်။

ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် အသက် ၁၂ အထက်ကျောင်းသား၊ ကျောင်းသူများ၏စာရင်းကို မည်သို့စီစဉ်ဆောင်ရွက်ထား ခြင်းနှင့်ပတ်သက်ပြီးမေးမြန်းရန် ရခိုင်ပြည်ပညာရေးမှူး ဒုညွန်ကြားရေးမှူးအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

စာသင်ကျောင်းများ ဖွင့်လှစ်ချိန် စိတ်ချစွာပညာသင်ကြားနိုင်ရန်အတွက် အသက် ၁၂ နှစ်အထက်ရှိ ကျောင်းသူ၊ကျောင်းသား များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်းဖြစ်သည်။

ကိုဗစ်ကူးစက်ပြန့်ပွားမှုကြောင့် အခြေခံပညာကျောင်းများကို ဇူလိုင် ၂၉ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း မြန်မာနိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုကြောင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို တစ်နှစ်ပတ်လုံးပိတ်ထားခဲ့ရသည်။

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...