မြောက်ဦးမြို့နယ်မှ လူငယ်တစ်ဦးကို PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးထား

မြောက်ဦးမြို့နယ်မှ လူငယ်တစ်ဦးကို PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးထား

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်တစ်ဦးကို PDF အဖွဲ့နှင့်ဆက်စပ်သည်ဟုဆိုကာ အောက်တိုဘာလ ၁၅ ရက် နေ့လည် ၁ နာရီခန့်တွင်ဖမ်းဆီးသွားခဲ့ကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်များကပြောသည်။

ဖမ်းဆီးခံရသူမှာ ကိုအောင်နိုင်မြင့် (၂၃) နှစ်ဖြစ်ပြီး ၄င်းမှာ မိမိနေအိမ်တွင်ရှိနေစဉ် အရပ်ဝတ်နှင့် လက်နက်ကိုင်ဆောင်ထားသူများမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အစ်မဖြစ်သူ မခိုင်အေးမြင့်က DMG သို့ပြောသည်။

“အရပ်ဝတ်နဲ့ လက်နက်တွေကိုင်ထားတဲ့သူတွေ အိမ်ထဲကိုဝင်လာတယ်။ အောင်နိုင်မြင့် မင်းဖုန်းပေးစမ်းပြောတယ်။ ပြီးရင်ရဲစခန်း ခဏလိုက်လို့ပြောတယ်။ ဝိုင်းဖမ်းကြတယ်။ ကျွန်တော်မှာဘာအပြစ်ရှိလို့လည်းမေးတယ်။ မောင်လေးကရုန်းတော့ မျက်နှာကို လေးငါးချက်ထိုးနှက်ကြတယ်။ ပြီးတော့ ကားပေါ်မှာတင်ယူသွားတယ်” ဟု မခိုင်အေးမြင့်ခိုင်ကပြောသည်။

ကိုအောင်နိုင်မြင့်ကို ဖမ်းဆီးရာတွင် အရပ်ဝတ်ဖြင့် လက်နက်များကိုင်ဆောင်ထားသူ ၁၀ ဦးခန့်မှ ကားအမဲရောင်တစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ကိုအောင်နိုင်မြင့်ကို မြောက်ဦးရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းသိရသဖြင့် မိသားစုဝင်များမှ ရဲစခန်းသို့ သွားရောက်ခဲ့သော်လည်း တွေ့ခွင့်မရခဲ့ကြောင်း ရဲစခန်းသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ကိုအောင်နိုင်မြင့်၏ အစ်မအလတ်ဖြစ်သူ မနုနုယဉ်ကပြောသည်။

“ကျမတို့သွားခဲ့ပေမယ့် တွေ့ခွင့်မပေးဘူး။ နောက် ၁၅ ရက်လောက်ကြာမှလာခဲ့လို့ ရဲစခန်းက ပြောလိုက်တယ်။ ကျွန်မတို့မောင်လေးက PDF နဲ့ အဆက်အသွယ်ရှိတဲ့အတွက် ဖမ်းတာလို့ပြောတယ်။ သူ့အတွက်စိုးရိမ်တယ်” ဟု မနုနုယဉ်ကပြောသည်။

ဖမ်းဆီးခံရသူ ကိုအောင်နိုင်မြင့်ကို မြောက်ဦးရဲစခန်းတွင် ထိန်းသိမ်းထားသည်ဆိုသည့် မိသားစုဝင်များ၏ပြောကြားချက်နှင့်ပတ်သက်၍ မြောက်ဦးရဲစခန်းသို့ DMG မှ ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

အောက်တိုဘာလ ၉ ရက်နေ့ကလည်း သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးစိန်ချစ်ကို PDF အဖွဲ့နှင့်ဆက်စပ်၍ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၀(က)၊ ၅၂(က) တိုဖြင့် သံတွဲမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားသည်။

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...