အင်းတော်ကြီးဒေသတွင် စပါးတစ်တင်းလျှင် ခြောက်ထောင်ကျပ်စျေး စပေါက်

အင်းတော်ကြီးဒေသတွင် စပါးတစ်တင်းလျှင် ခြောက်ထောင်ကျပ်စျေး စပေါက်

အင်းတော်ကြီးဒေသတွင် စပါးတစ်တင်းလျှင် ခြောက်ထောင်ကျပ်စျေးဖြင့် ရောင်းဝယ်မှုစပြုနေကြောင်း တောင်သူများထံမှ သိရသည်။

“၃၀ ပေါင်ကို စပါးအစို အခုရိတ်အခုချိန်တဲ့ဟာ ခြောက်ထောင်စျေးပေါက်တယ်၊ စပါးရိတ်ခက တစ်ဧကကို ခြောက်သောင်း၊ ခြောက်သောင်းခွဲပေးနေရတယ်၊ ဒီဇယ်စျေးတွေကလည်းမြင့်ဆိုတော့ ပိုပေးရတယ်” ဟု စိုင်းကျော်ထက်အောင်က ဆိုသည်။

ယခုနှစ်တွင် တောင်သူအများစုက ဓာတ်မြေဩဇာစျေးနှစ်ဆမြင့်တက်မှု မြေဩဇာအသုံးပြုမှုနည်းခဲ့ပြီး အထွက်နှုန်းလျော့ကျမှုများနှင့်လည်း ရင်ဆိုင်နေရသည်ဟု အင်းတော်ကြီးဒေသ နားလတန်းကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

“စျေးကတော့ မနှစ်ကနဲ့စာရင်တော့ကောင်းတယ်ဒါပေမယ့် လယ်သမားတိုင်းကတော့ စပါးမကောင်းကြဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိခြောက်ထောင်ပေါက်စျေးသည်လည်း လာမည့် လပတ်အတွင်းစျေးကျလာနိုင်ကြောင်းလည်း တောင်သူများခန့်မှန်းထားကြသည်။

ယခုနှစ် မိုးစပါးတွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်းနှင့် ဖုန်၊ မှုန်၊ သဲ ကင်းစင်သည့် စပါးတစ်တင်း (၄၆) ပေါင်ကိုက်ကို တင်း (၁၀၀) အတွက် (၅၄၀,၀၀၀) ကျပ်ဖြင့် အခြေခံစျေးသတ်မှတ်ထားသည်။

စျေးကွက်ပေါက်စျေးက ထိုအခြေခံစျေးထက်မြင့်နေပါက စျေးကွက်အတိုင်းဝယ်ယူရန်နှင့် အခြေခံစျေးအောက်ရောက်ပါက သတ်မှတ်ထားသည့် အခြေခံစျေးအတိုင်းဝယ်ယူရမည်ဟု ဆန်စပါး တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြင့်တင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...