ငြိမ်းချမ်းရေးအား အပြည့်အဝဖော်ဆောင်ပေးနိုင်မည်မဟုတ်ဆိုသည့် အယူအဆပေါ် လက်တွေ့ကျကျသုံးသပ်ရန်လိုအပ်ကြောင်း EAOs အချို့အား အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

ငြိမ်းချမ်းရေးအား အပြည့်အဝဖော်ဆောင်ပေးနိုင်မည်မဟုတ်ဆိုသည့် အယူအဆပေါ် လက်တွေ့ကျကျသုံးသပ်ရန်လိုအပ်ကြောင်း EAOs အချို့အား အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် လက်ရှိအစိုးရအား ရွေးကောက်ခံအစိုးရမဟုတ်သည့်အတွက် တွေ့ဆုံဆွေးနွေးရန်မလိုဟူသည့် အယူအဆများ၊ ငြိမ်းချမ်းရေးအား အပြည့်အဝဗဖာ်ဆောင်ပေးနိုင်မည်မဟုတ်ဆိုသည့် အယူအဆများအပေါ်တွင် စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ကျကျ သုံးသပ်ရန်လိုအပ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA စာချုပ် ချုပ်ဆိုထားသည့် ၆ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ပေးပို့သည့်မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယင်းကဲ့သို့ ပြောဆိုလိုက်ကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ရေးသားထားသည်။

NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် NCA စာချုပ် ပိုမိုခိုင်မာစေရေး၊ NCA စာချုပ်တွင် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် လက်ရှိအခြေအနေထက်ပိုမိုသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအဆင့် တစ်ဆင့်သို့ တက်လှမ်းနို်င်ရေးနှင့် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ထပ်မံ၍ လေးနက်စွာဖိတ်ခေါ်ပါကြောင်း ဖော်ပြထားသည်။

၁၉၈၈ ခုနှစ်နောက်မှစ၍ တပ်မတော်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးတည်ဆောက်မှု၊ တိုင်းရင်းသားနယ်မြေများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်မှုများသည် ပြယုဂ်ပင်ဖြစ်ပါသည်။

အဆိုပါအဖွဲ့များအနက် အများစုမှာ NCA လက်မှတ်ရေးထိုးနိုင်ခဲ့သည်မှာ လက်တွေ့ပင်ဖြစ်သည်ဟုလည်း မိန့်ခွန်းဖော်ပြချက်တွင်ပါရှိသည်။

ယင်းအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် ယုံယုံကြည်ကြည်နှင့် ခိုင်မာစွာ ဆက်လက်လျှောက်လှမ်းခြင်းဖြင့် နိုင်ငံတော်အစိုးရမှ လက်ရှိဦးတည်သွားနေသည့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုုကရေစီအထွေထွေရွေးကောက်ပွဲအား သတ်မှတ်ချိန်အတွင်း ကျင်းပနိုင်ပြီး ပြည်သူမှရွေးချယ်ပေးသည့် ဒီမိုုကရေစီအစိုးရသစ်တစ်ရပ်ပေါ်ပေါက်လာရေးအား အားပေးကူညီရာရောက်မည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်မှ ဆိုထားသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရတာဝန်အား ရယူထားချိန်ဖြစ်သည်နှင့်အညီ ငြိမ်းချမ်းရေး ဆွေးနွေးမှုများအား အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုလွှတ်တေ်ာတွင် အတည်ပြုသည့်အဆင့်မှအပ ကျန်သည့်အစိတ်အပိုင်းများဖြင့် ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းပေးပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီတို့ကို ဖွဲ့စည်းခဲ့သည်။

လက်ရှိကာလတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) သည် NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများတို့ကို စုစုပေါင်း ၂၁ ကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်မှုမရှိအောင် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိိန့်ခွန်းတွင်ပါရှိသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လတ်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှအာဏာသိမ်းပြီးချိန်မှစပြီး NCA စာချုပ် အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းများအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်သွားပြီဖြစ်ကြောင်း ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့အတွက် NCA (၆) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။

 
 

 

 

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...