တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့် ဆက်စပ်သူ ၁၀၀ ကျော်ကို လွှတ်ပေးသည့်အထဲတွင် AA မှ ၆၀ ကျော်ပါဝင်

တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့် ဆက်စပ်သူ ၁၀၀ ကျော်ကို လွှတ်ပေးသည့်အထဲတွင် AA မှ ၆၀ ကျော်ပါဝင်

ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင်ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးကိုရှေးရှုကာ နိုင်ငံတော်အတွင်းတရားရုံး အသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ ၁၁၄ ဦးတို့အား အမှုပိတ်သိမ်းရန် စစ်ကောင်စီမှ ထုတ်ပြန်လိုက်သည်။

အမှုပိတ်သိမ်းပေးလိုက်သည့်အထဲတွင် ရက္ခိုင့်တပ်တော် (AA) မှ အဖွဲ့ဝင်နှင့် ဆက်စပ်သူ ၆၃ ဦးအပါအဝင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ၂၃ ဦး၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA(PC)) မှ တစ်ဦး၊ မြန်မာအမျိုးသားဒီမိုကရစ်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ တစ်ဦး၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ၁၂ ဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ၅ ဦးနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ၁၁ ဦးတို့ ပါဝင်သည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဝင်များနှင့် ဆက်စပ်ပါဝင်သူများအပေါ် စွဲဆိုထားသော ပြစ်မှုဆိုင်ရာအားလုံးကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရမည်ဖြစ်ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အမှုပိတ်သိမ်းပေးသည့်အထဲတွင် ရက္ခိုင့်တပ်တော် (AA) မှ ၆၃ ဦးပါဝင်ခြင်းနှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား ဆက်သွယ်မေးမြန်းရာတွင် အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သတ်ပြီး ၎င်းအနေဖြင့် မသိရှိသေးသည့်အတွက် ပြောဆို၍မရကြောင်း DMG ကိုပြောသည်။

တစ်ဖက်တွင် ရက္ခိုင့်တပ်တော် (ULA/AA) ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပြန်လည်ရုပ်သိမ်းပြီးနောက် ရခိုင်က အကြမ်းဖက်မှုအချို့ကို စစ်ကောင်စီက ရုပ်သိမ်းပေးမှုများရှိလာနေသည်။

ရခိုင်ပြည်နယ်တွင် AA နှင့်ဆက်စပ်သည့်ဆိုသည့် သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများထဲမှ မလွတ်မြောက်သေးသူ လက်ရှိတွင် ၁၆၀ ကျော်အထိကျန်ရှိနေသေးကြောင်း ဖမ်းဆီးခံရသူများစာရင်းများကို ကောက်ယူနေသည့်အဖွဲ့အစည်းများ၏ စာရင်းအရ သိရသည်။

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...