တောင်ကုတ်မြို့နယ်တွင် ကျောက်မိုင်းခွဲမှုကြောင့် အနီးဝန်းကျင်ရှိ စေတီပုထိုးနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် အက်ကွဲရာများပေါ်လာဟုဆို

တောင်ကုတ်မြို့နယ်တွင် ကျောက်မိုင်းခွဲမှုကြောင့် အနီးဝန်းကျင်ရှိ စေတီပုထိုးနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် အက်ကွဲရာများပေါ်လာဟုဆို

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ကျောက်မိုင်းခွဲမှုများကြောင့် အနီးဝန်းကျင်ရှိ သရက်တောင်ဘုန်းတော်ကြီးကျောင်းတိုက်နှင့် စေတီပုထိုးတို့တွင် အက်ကွဲရာများဖြစ်ပေါ်လာနေကြောင်း သိရသည်။

ယင်းကျောင်းတိုက်အနီး ကျောက်မိုင်းခွဲခြင်းလုပ်ငန်း လုပ်ကိုင်နေသည်မှာ ၃ နှစ်ကျော်ရှိနေပြီဖြစ်ကာ ကျောက်မိုင်းမကြာခဏခွဲခြင်းကြောင့် ကျောင်းဆောင်အတွင်းအဆောက်အဦးများမှာ အက်ကွဲပျက်စီးလာနေသည်ဟု သရက်တောင်ကျောင်းတိုက်ဆရာတော် ဦးဝဏ္ဏသီရိက DMG သို့မိန့်သည်။

"မိုင်းခွဲတာက ၃ နှစ်ကျော်ပြီ တစ်ခါခွဲရင် အလုံးရေ ၅၀ လောက်ခွဲတယ်။ ကျောင်းတိုက်ထဲကကျောင်းဆောင်တွေ အက်ကဲဲွပြီးပြိုကျလာလို့ အောက်ကထောင့်တွေခံထားရတယ်။ သက်ဆိုင်ရာတွေကိုတော့ အကြောင်းမကြားရသေးဘူး" ဟု မိန့်သည်။

ကျောက်မိုင်းခွဲသည့်နေရာမှာ သရက်တောင်ကျောင်းတိုက်နှင့် ၂ ဖာလုံခန့် ကွာဝေးကြောင်း သိရသည်။

တောင်ကုတ်ဒေသခံ ကိုနေလင်းအောင်က "ကျောက်မိုင်းခွဲတဲ့နေရာနဲ့ ဘုရားနေရာ ၂ ဖာလုံလောက်ဘဲဝေးတယ်။ တောင်ကုတ်ကုတင် ၁၀၀ ဆံဆေးရုံနားမှာဖြစ်တယ်။ ဆရာတော်က မိုင်းခွဲလို့ ကျောင်းမှာအဆောက်အဦးတွေပျက်သွားတယ်။ လာကြည့်ပါဆိုလို့ သွားကြည့်တဲ့အခါ အပေါ်အောက် အက်ကွဲမှုတွေဖြစ်နေတာတွေ့ရခဲ့ရတယ်" ဟု ဆိုသည်။

ကျောက်မိုင်းခွဲမှု ဆက်လက်ပြုလုပ်နေပါက ကျောင်းတိုက်အတွင်း အဆောက်အဦးများမှာ မကြာမီပျက်စီးသွားမည်ဖြစ်၍ ယခုကဲ့သို့ ကျောက်မိုင်းခွဲခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများမှ တားမြစ်ပေးရန် ဆရာတော်က တောင်းဆိုသည်။

တောင်ကုတ်မြို့နယ်အတွင်း ကျောက်မိုင်းခွဲခြင်းလုပ်ကွက်များ မည်မျှရှိသည်နှင့် မည်သို့ခွင့်ပြုပေးထားသည်ကို အသေးစိတ်သိရှိနိုင်ရန် တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးကို DMG မှ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါ။

 
 

 

 

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...