ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရမ်းဗြဲဒေသခံ ၃ ဦးအမှု အမြန်ဆုံးရုံးထုတ်စစ်ဆေးပေးရန် မိသားစုဝင်များတောင်းဆို

ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရမ်းဗြဲဒေသခံ ၃ ဦးအမှု အမြန်ဆုံးရုံးထုတ်စစ်ဆေးပေးရန် မိသားစုဝင်များတောင်းဆို

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားရင်ဆိုင်နေကြရသော ရမ်းဗြဲဒေသခံ ၃ ဦးအမှုကို အမြန်ဆုံးရုံးထုတ်စစ်ဆေးပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။

တရားစွဲဆိုခံထားရသူများမှာ ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာမှ ကိုစိုးမောင်၊ ကိုအောင်ဌေးဝင်းနှင့် ကိုညီစိတို့ ဖြစ်ကြသည်။

၄င်းတို့သုံးဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းက မြန်မာစစ်တပ် စစ်ကြောင်းတစ်ခုမှ စစ်ဆေးစရာရှိသည်ဟုဆိုကာ နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောဆိုသည်။

အဆိုပါ ရမ်းဗြဲဒေသခံသုံးဦးမှာ AA နှင့်ဆက်စပ်သည်ဟုဆိုကာ ကျောက်ဖြူမြို့ အမှတ် ၃၄ ခလရတပ်ရင်းမှ ဗိုလ်ကြီးအောင်ဖြိုးဦးက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)/၅၂(က) တို့နှင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

လက်ရှိတွင် အမှုနှင့်ပတ်သက်၍ ရုံးထုတ်စစ်ဆေးခြင်းမရှိသည်မှာ ၄ လခန့်ကြာမြင့်နေပြီဖြစ်ပြီး မိသားစုဝင်းများမှာ နစ်နာမှုရှိသည့်အတွက် မြန်မြန်ဆန်ဆန် ရုံးထုတ်စစ်ဆေးပေးစေချင်သည်ဟု ဖမ်းဆီးခံရသူ ကိုစိုးမင်၏ဇနီးဖြစ်သူ မခင်မျိုးဦးက ပြောသည်။

“ကျွန်မတို့ယောကျ်ားမှာ အပြစ်ရှိရင် ဥပေဒအကြောင်းအရ အပြစ်ပေးအရေးယူပါ။ မရှိရင်လည်းအမှုကို အမြန်ဆုံးစစ်ဆေးပြီး လွှတ်ပေးပါ။ အခုကရုံးမထုတ်တာလည်းကြာပြီ။ ကျွန်မတို့မှာ သူတစ်ယောက်တည်းကို အားကိုးရတာ။ သူမရှိတဲ့အတွက် မိသားစုဝင်တွေ စားဝတ်နေရေးအခက်အခဲ့ဖြစ်နေရတယ်။ မိသားစုဝင်တွေအတွက်လည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဖြစ်နေရတယ်” ဟု မခင်မျိုးဦးက ပြောသည်။

ကိုစိုးမင်းအပါအဝင်သုံးဦးမှာ အကြမ်းဖက်မှုပုဒ်မဖြင့် ကျောက်ဖြူခရိုင်တရားရုံးမှာ တရားရင်ဆိုင်နေရသည်မှာ လက်ရှိတွင် (၁) နှစ်ခန့်ကြာမြင်လာခဲ့ပြီဖြစ်သည်။

ဖမ်းဆီးခံရထားရသူများမှာ မိသားစုဝင်များနှင့် တွေ့ခွင့်မရသည်မှာလည်း ကြာမြင့်နေပြီဖြစ်သောကြောင့် ၄င်းတို့၏ ကျန်းမာရေးအတွက်ပါ စိုးရိမ်မိသည်ဟု ဖမ်းဆီးခံရသူ ကိုညီစိ၏အစ်မဖြစ်သူ ဒေါ်ညိုညိုက ပြောသည်။

“ရုံးထုတ်တယ်ဆိုရင် လူချင်းလည်းတွေ့ရတယ်ဆိုတော့ စိတ်ချမ်းသာတယ်ပေါ့လေ။ အခုကမတွေ့တာလည်း ကြာနေပီ။ ဘယ်ဖြစ်နေမှန်းလည်းမသိ။ဘာသတင်းစကားမှလည်းမကြားရ။ အပြစ်ရှိရင်လည်း အပြစ်ပေး မရှိရင်လည်း လွှတ်ပေးစေချင်တယ်” ဟု ဒေါ်ညိုညိုကပြောသည်။

ကုလားပုန်းကျေးရွာသားများကို စွဲဆိုထားသည့်အမှုတွင် လိုပြသက်သေ ၉ ဦးရှိသည့်အနက် ၄ ဦးစစ်ဆေးပြီးပြီဖြစ်ပြီး ကိုဗစ်ကာလဖြစ်သည့်အတွက် စွပ်စွဲခံရသူများကို ရုံးထုတ်စစ်ဆေးခြင်းမရှိသေးကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဒေါ်စန္ဒာက ပြောသည်။

“လက်ရှိအခြေအနေကိုပြောမယ်ဆိုရင်တော့ အမှုမှန်ပေါ်ပေါက်မှုမရှိသေးဘူး။ လိုပြသက်သေလေးဦးလုံးကို စစ်ဆေးချက်တွေရတော့ အမှုနဲ့ငြိမ်စွမ်းမှုမရှိတာတွေ့ရတယ်။ ဒီနေ့အချိန်ထိတော့ သက်သေတွေထွက်ဆိုချက်မှာ အမှုပေါ်ပေါက်မှုမရှိသေးဘူး” ဟု ရှေ့နေဒေါ်စန္ဒာက ပြောသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း ရခိုင်မှာ AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသူ ၂၀၀ ကျော်အထိရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော် ULA/AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားခြင်းကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ခဲ့သည်။

ယင်းနောက်ပိုင်းမှစ၍ ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲခံထားရသူများ၏အမှုအချို့ကို စစ်ကောင်စီမှ ပြန်လည်ရုပ်သိမ်းပေးမှုများရှိလာခဲ့သည်။

ရခိုင်ပြည်အတွင်း အကြမ်းဖက်မှုဖြင့်တရားစွဲဆိုခံထားရသည့်အမှုများထဲမှ အမှုပေါင်း ၂၃ မှုနှင့် လူဦးရေ ၄၄ ဦးကို ပြည်နယ်စစ်ကောင်စီကရုပ်သိမ်းပေးခဲ့ဖြစ်သော်လည်း မလွှတ်မြောက်သေးသူ ၁၆၀ ကျော် ကျန်ရှိနေသေးသည်။

လက်ရှိမှာ ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံထားရသူ ၃၆ ဦးထပ်မံလွှတ်ပေးရန်ရှိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ခွင့်ပြုချက်ညွှန်ကြားစာရောက်ရှိပါက လွှတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောကြားထားသည်။

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...