ထီးချိုင့်မြို့နယ်ရှိ ကျေးရွာနှစ်ခု ရွာလုံးကျွတ်တိမ်းရှောင်နေရ

ထီးချိုင့်မြို့နယ်ရှိ ကျေးရွာနှစ်ခု ရွာလုံးကျွတ်တိမ်းရှောင်နေရ

ထီးချိုင်မြို့နယ်အတွင်းရှိ လေသာကျေးရွာနှင့် အလယ်တောကျေးရွာမှ ရွာသူ/သားများ ရွာလုံးကျွတ် တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

“၉ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ရွာထဲဝင်လာပြီးတော့ စစ်ဆေးတာတွေလုပ်တယ်၊ အိမ်ထောင်စုစစ်တာဆေးတာတွေလုပ်တယ်၊ အဲ့တာကြောင့်ပဲ ထွက်ပြေးကုန်ကြတာ၊ တိုက်ပွဲဖြစ်မှာစိုးလို့ ထွက်ပြေးကြတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အောက်တိုဘာလ (၁၀) ရက်နေ့တွင် လေသာကျေးရွာနှင့် အလယ်တောကျေးရွာပတ်ဝန်းကျင်တွင် ဒေသခံ PDF များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်သွားသူများတွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များလည်းပါဝင်ကြောင်း သိရသည်။

“ပြေးသွားရတော့ ဘယ်အဆင်ပြေကြမလဲ၊ ပါသွားတဲ့ဆန်တွေနဲ့ ဖြစ်သလိုနေကြရတာပဲ၊ ပြန်ထွက်လာလို့လည်းမရသေးဘူးလေ“ ဟု ဒေသခံတစ်ဦးကဆိုသည်။

လေသာကျေးရွာနှင့် အလယ်တောကျေးရွာတွင် ရှမ်းနီတိုင်းရင်းသားများနေထိုင်ကြပြီး ရှမ်းနီစာပေများကိုလည်း ၂၀၁၇ ခုနှစ်ကစပြီး သင်ကြားလာခဲ့သည့် ကျေးရွာများဖြစ်သည်။

လေသာကျေးရွာနှင့် အလယ်တောကျေးရွာသည် ဝန်းသိုစော်ဘွား စဝ်အောင်မြတ်နှင့် ကိုလိုနီ အင်္ဂလိပ်များ တိုက်ခိုက်ပြီးနောက် တိမ်းရှောင်လာသည့် ဝန်းသိုစော်ဘွား၏ မှူးမတ်စစ်သည်များက ရွာတည်ခဲ့ခြင်းဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...