ရခိုင်က နယ်စပ်ကုန်သွယ်ရေးစခန်းများကို ယခုရက်ပိုင်းအတွင်း ပြန်ဖွင့်ဖွယ်ရှိ

ရခိုင်က နယ်စပ်ကုန်သွယ်ရေးစခန်းများကို ယခုရက်ပိုင်းအတွင်း ပြန်ဖွင့်ဖွယ်ရှိ

ကိုဗစ်ကြောင့် ယာယီပိတ်ထားခဲ့သည့် ရခိုင်ပြည်နယ်အတွင်းက စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းတို့ကို ယခုရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်ဖွယ်ရှိနေကြောင်း သိရသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်း ဝင်ရောက်လာမှုကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ပြည်နယ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် တရားဝင်ပိတ်ထားခဲ့သည်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု ၅ ရာခိုင်နှုန်းအောက် လျော့ကျလာ၍ ရခိုင်က နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြည်ထောင်စုမှ ခွင့်ပြုထားပြီဖြစ်ကြောင်း သိရသည်။

သို့သော် နယ်စပ်ကုန်သွယ်ရေးစခန်းများ မည်သည့်နေ့တွင်ဖွင့်လှစ်မည်ကို တိတိကျကျမသိရသေးဟု ရခိုင်ပြည်နယ် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးတင်အောင်ဦးက DMG သို့ပြောသည်။

“ရခိုင်ပြည်မှာတော့ ဒီနေ့ပြည်နယ်အစိုးရနဲ့ အစည်းအဝေးလုပ်ပြီးမှပဲ ဘယ်နေ့ဖွင့်မယ်ဆိုတာကို သိရမယ်။ ဒီနေ့အစည်းအဝေးပြီးမှပဲ အတိအကျသိရမယ်” ဟု ၎င်းကဆိုသည်။

မောင်တောမြို့နယ်မှ ကုန်သည်ကြီးများအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးစံသိန်းကလည်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ပြန်ဖွင့်မည်ကို ယနေ့အောက်တိုဘာ ၁၃ ရက်နေ့တွင်ပြုလုပ်မည့် အစည်းအဝေးပြီးမှ အတိအကျသိရမည်ဟု ဆိုသည်။

ကိုဗစ်တတိယလှိုင်းအတွင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ကုန်သွယ်မှုကို ၃ လခန့် ရပ်တန့်ထားခဲ့ရသည်။ မကြာမီရက်ပိုင်းအတွင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု ဦးစံသိန်းက မျှော်မှန်းထားသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသည် အမေရိကန်ဒေါ်လာတစ်ခုတည်းဖြင့်သာ ကုန်သွယ်ခွင့်ပြုထားသော နယ်စပ်ကုန်သွယ်စခန်းဖြစ်သည်။ တစ်နေလျှင် ဒေါ်လာတစ်သန်းအထိ ကုန်သွယ်မှုပြုနိုင်သော ကုန်သွယ်ရေးစခန်းတစ်ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်က နယ်စပ်ကုန်သွယ်ရေးစခန်းများကို ယာယီပိတ်ထားခဲ့မှုကြောင့် ကုန်သွယ်ရေးစခန်းတွင် လုပ်နေကြသည့် ကုန်တင်ကုန်ချ အလုပ်သမားများမှာ အခက်အခဲနှင့်ရ င်ဆိုင်ခဲ့ကြရသည်။

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...