အာဆီယံ အထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီတချို့ တွေ့ဆုံပွဲဖျက်သိမ်း

အာဆီယံ အထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီတချို့ တွေ့ဆုံပွဲဖျက်သိမ်း

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ဘရူးနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရွန်ယူစွတ်နှင့် မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးပါတီတချို့ တွေ့ဆုံမည့်ပွဲကို ဖျက်သိမ်းလိုက်ကြောင်း ပွဲတက်ရောက်မည့် နိုင်ငံရေးပါတီများထံမှ သိရသည်။

အဆိုပါတွေ့ဆုံပွဲကို မူလက နေပြည်တော်၌ အောက်တိုဘာလ ၁၂ ရက်နေ့တွင်တွေ့ဆုံရန် သတ်မှတ်ခဲ့သော်လည်း အာဆီယံအထူးကိုယ်စားလှယ်ရောက်လာခြင်းမရှိသည့်အတွက် ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့သည်။

သို့သော် ယနေ့တွင်လည်း အာဆီယံအထူးကိုယ်စားလှယ်မှ လာရောက်ခြင်းမရှိသည့်အတွက် တွေ့ဆုံပွဲအား ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု တက်ရောက်မည့်ပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောသည်။

“တွေ့ဆုံပွဲက မဖြစ်တော့ဘူး။ သူတို့ (အာဆီယံအထူးကိုယ်စားလှယ်) မှ မလာတာ။ ဘာကြောင့်နဲ့ မလာတာလည်းဆိုတာတော့ မသိ့ဘူး။ UEC ကတော့ တွေ့ဆုံပွဲမဖြစ်တော့ဘူးဆိုပြီး ပြောတယ်” ဟု ၎င်းကပြောသည်။

အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီတို့ တွေ့ဆုံမည်ဖြစ်သည့်အတွက် နိုင်ငံရေးပါတီများမှ ကြိုတင်စောင့်ဆိုင်းခဲ့သော်လည်း အဆိုပါအထူးကိုယ်စားလှယ်မှ တွေ့ဆုံမည့်အစီစဉ်အား ဖျက်သိမ်းလိုက်ခြင်းသည် သံတမန်တစ်ဦးအနေဖြင့် မဆောင်ရွက်သင့်သည့်ကိစ္စဖြစ်ကြောင်း အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီမှ ဥက္ကဋ္ဌ ဦးသိန်းကြည်ကပြောသည်။

“သူ (အာဆီယံအထူးကိုယ်စားလှယ်) လာမယ်ဆိုလို့ နိုင်ငံတော်ကနေ ကျနော်တို့ (ပါတီ) တွေနဲ့ တွေ့ဖို့စီစဉ်တယ်။ ကျနော်တို့က တွေ့ဖို့စောင့်နေတယ်။ သူမလာဘူး။ ဘာကြောင့်မလာတာလဲဆိုတာကိုတော့မသိဘူး။ ကျနော်တို့ကို အကြိမ်ကြိမ်ချိန်းပြီးတော့ သဘောရိုးနဲ့မလာဘူးဆိုရင်တော့ သံတမန်ကျင့်ဝတ်နဲ့မညီဘူးလို့ပဲယူဆတယ်” ဟု ၎င်းကဆိုသည်။

အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ( SNDP)၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီစသည့် နိုင်ငံရေးပါတီတို့နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။

အာဆီယံအထူးကိုယ်စားလှယ် အာရွန်ယူစွတ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် သြဂုတ်လ ၄ ရက်နေ့တွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

 
 

 

 

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...