ထီးချိုင့်မြို့နယ်ရှိ ဒေသခံ PDF နှင့် စစ်ကောင်စီတိုက်ပွဲအတွင်း ရှမ်းနီကျောင်းဆရာတစ်ဦးသေဆုံး

ထီးချိုင့်မြို့နယ်ရှိ ဒေသခံ PDF နှင့် စစ်ကောင်စီတိုက်ပွဲအတွင်း ရှမ်းနီကျောင်းဆရာတစ်ဦးသေဆုံး

ထီးချိုင့်မြို့နယ်ရှိ လေသာကျေးရွာနှင့် အလယ်တောစံပြကျေးရွာတွင် ဒေသခံ PDF နှင့် စစ်ကောင်စီတို့၏ အောက်တိုဘာလ (၁၀) ရက်နေ့ တိုက်ပွဲဖြစ်ပွားအတွင်း ရှမ်းနီကျောင်းဆရာတစ်ဦး သေဆုံးခဲ့ကြောင်း ၎င်း၏ မိတ်ဆွေများထံမှ သိရသည်။

“သူသေသွားတာ ငါတို့ ရှမ်းနီအရေးနဲ့ပတ်သက်လာရင် ဆုံးရှုံးမှုတော်တော်ကြီးမားတယ်၊ ထီးချိုင့်မှာ သူ့ကို အားကိုးအရဆုံးပဲ၊ ရှမ်းနီအရေးနဲ့ပတ်သက်ရင် အလုပ်ကိုတောင် ပစ်ထားပြီးလုပ်ကူပေးတဲ့သူ၊ လောလောဆယ်တော့ သူ့လိုလူရှာလို့ရမှာမဟုတ်သေးဘူး” ဟု ထီးချိုင့်မြို့နယ်မှ ရှမ်းနီတိုင်းရင်းသားတစ်ဦးကဆိုသည်။

ရှမ်းနီကျောင်းဆရာ ကျော်မျိုးလွင် (ခ) မောင်ကျော်သည် အစိုးရခန့်အပ်ထားသည့် နေ့စားလပေး TA ကျောင်းဆရာတစ်ဦးလည်းဖြစ်သည်။

၎င်းသည် ဒေသခံ PDF တစ်ဦးဖြစ်ကာ ၎င်းကို တိုက်ပွဲပြီးဆုံးပြီး အောက်တိုဘာလ (၁၁) ရက်နေ့မှသာ လေသာကျေးရွာအနီးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ တိုက်ပွဲအတွင်း ဒေသခံ PDF (၄) ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...