မာန်အောင်ကျွန်း သဘာဝအခြေပြုခရီးသွားလုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့်ပြီးစီး

မာန်အောင်ကျွန်း သဘာဝအခြေပြုခရီးသွားလုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့်ပြီးစီး

ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်း သဘာဝအခြေပြုခရီးသွားလုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း မာန်အောင်အများပိုင်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းလှိုင်က DMG သို့ပြောသည်။

မာန်အောင်ကျွန်းဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်နေသော မာန်အောင်ကျွန်း သဘာဝအခြေပြုခရီးသွားလုပ်ငန်းတွင် ဟိုတယ်ဇုန်၊ ကျေးရွာအခြေပြုခရီးသွားလုပ်ငန်းနှင့် Resource တို့ ပါဝင်ကြောင်း ၄င်းကဆိုသည်။

"အကုန်လုံးကတော့ ၉၀ ရာခိုင်နှုန်းပြီးနေပါပြီ။ သုံးနေရာလုံးပေါ့နော်။ တကယ်လို့ အခြေအနေပေးရင် အခုလာမယ့် အောက်တိုဘာလကုန်လောက်မှာ မာန်အောင် Island Resource ကို စဖွင့်သွားဖို့တော့ရည်ရွယ်ထားတယ်။ အဓိက ကတော့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ပထမဆုံးစလှမ်းတဲ့ခြေလှမ်းပေါ့" ဟု ဦးထွန်းလှိုင်ကဆိုသည်။

လက်ရှိ စတင်ဖွင့်လှစ်ရန်ရည်ရွယ်ထားသည့် မာန်အောင် Island Resource သည် ကအီးရွာနှင့် မိန်းမကြွယ်ကျေးရွာအကြားတွင်တည်ရှိပြီး ဘန်ဂလိုအပါဝင် စုစုပေါင်းအပန်းဖြေနားနေနိုင်သည့်အခန်း ၈၀ ခန့်ပါဝင်ကြောင်း သိရသည်။

"လက်ရှိကျေးရွာတွေမှာ ဧည့်သည်တွေနားနေလို့မရသေးတဲ့အတွက် သက်တောင့်သက်သာနဲ့ အဆင့်မြင့်မြင့်လေးတည်းခိုလို့ရအောင် ဒီ Resource ကိုပဲ အရင်စလုပ်တာပါ။ ပြီးတော့ ကျွန်တော်တို့ဆီမှာ အလုပ်အကိုင်အခွင့်အလမ်းက ရှားပါးတဲ့အတွက် ဒီဟိုတယ်လုပ်ငန်းနဲ့ ဒီကလူတွေကို အဆင်ပြေစေဖို့အတွက်လည်းရည်ရွယ်ပါတယ်" ဟု ဦးထွန်းလှိုင်ကဆိုသည်။

လက်ရှိတွင် ရေ၊ မီးအစုံရရှိရေးအတွက် မိမိတို့အနေဖြင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့်လုပ်ကိုင်နေပြီး ယခု Resource ဖွင့်လှစ်ပြီးပါက အခြားသော ရင်းနှီးမြှုပ်နှံသူများကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။

မာန်အောင်ကျွန်း သဘာဝအခြေခံခရီးသွားလုပ်ငန်းကို ယခင် NLD အစိုးရလက်ထက်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်လျှက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ရခိုင်ပြည်နယ်) မှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်ကဆိုသည်။

"ဒီကျွန်းကြီးရဲ့သဘာဝကို အခြေခံထားတဲ့ ခရီးသွားလုပ်ငန်းစီမံကိန်းကြီးပေါ့နော်။ ဒီအထဲမှာ ဟိုတယ်တွေဆောက်မယ်။ အပန်းဖြေမယ့်နေရာတွေလုပ်မယ်။ နိုင်ငံတကာအဆင့်မှီ ဟိုတယ်တွေပါပါမှာပေါ့။ ဒါတွေကိုလုပ်ဖို့အတွက် လက်ရှိဝန်ကြီးချုပ်ကိုယ်တိုင်သွားကြည့်ပြီးပြီ။ လက်ရှိမှာ မြေယာအသုံးပြုခွင့်ကိစ္စတွေမပြီးသေးတဲ့အတွက် နည်းနည်းကြာနေတာလို့သိရတယ်" ဟု ၎င်းကပြောသည်။

မာန်အောင်ကျွန်းသည် ကျောက်ဖြူခရိုင်ထဲတွင်ပါဝင်ပြီး ကျောက်ဖြူမြို့မှ ရေမိုင် ၈၇ မိုင်အကွာတွင်တည်ရှိသည်။ ၂၂၀ စတုရန်းမိုင်ကျယ်ဝန်းပြီး သာယာလှပသည့် ကမ်းခြေများရှိသည့် ကျွန်းတစ်ကျွန်းလည်းဖြစ်သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...