မောင်တောတွင် ကမ်းပါးပြိုကျ၍ ဒေသခံများကို အရေးပေါ် ရွှေ့ပြောင်းရန် ညွှန်ကြား

မောင်တောတွင် ကမ်းပါးပြိုကျ၍ ဒေသခံများကို အရေးပေါ် ရွှေ့ပြောင်းရန် ညွှန်ကြား
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ တောင်ကျရေ များပြားပြီး ရေစီးသန်သောကြောင့် ကမ်းပါးများ ပြိုကျနေသဖြင့် နေအိမ်အချို့မှ ဒေသခံများကို အရေးပေါ် ရွှေ့ပြောင်းရန် ညွှန်ကြားထားသည်။

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်း၍ ပြူးမချောင်းအတွင်းသို့ တောင်ကျရေများ စီးဝင်ကာ ရေစီး သန်သောကြောင့် ကြိမ်ချောင်း (တောင်ရွာ) ဘက်တွင် ဩဂုတ်လ ၁၇ ရက်နေ့မှစ၍ ကမ်းပါးပြိုကျနေသဖြင့် ဆေးရုံအပါအဝင် နေအိမ် ၅ ဆောင်နှင့် ဆိုင်ခန်းအချို့မှာ စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

“မိုးကလည်းကြီး၊ တောင်ကျရေကလည်း ရေစီးပြင်းတော့ ကြိမ်ချောင်း ဆေးရုံအရှေ့ဘက်က တောက် လျှောက် ကမ်းပါးတွေ ပြိုကျတယ်။ အခုဆို ကမ်းပါးပြိုကျတာက ဆေးရုံနဲ့ အိမ်နားကို ကပ်နေပြီဆိုတော့ အရေးပေါ်စိုးရိမ်နေရတယ်” ဟု ကြိမ်ချောင်းဒေသခံ ကိုဇေက ပြောသည်။

ကြိမ်ချောင်းကျေးရွာတွင် နှစ်စဉ်နှစ်တိုင်း မိုးရာသီကာလအတွင်း မိုးကြီးပါက တောင်ကျရေ ကျဆင်းမှုကြောင့် ကမ်းပါးပြိုကျလေ့ရှိပြီး ယခုနှစ်တွင် ကမ်းပါးပြိုကျမှု ပိုမိုများပြားနေကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိတွင် ကြိမ်ချောင်းဆေးရုံရှေ့ရှိ လမ်းနှင့် ဆေးရုံ အုတ်ခြံစည်းရိုးမှာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးမှုများ ရှိနေပြီး ကမ်းပါးနှင့် ကပ်လျက်ရှိ နေအိမ်အချို့ကို အရေးပေါ် ရွှေ့ပြောင်းနေထိုင်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူ များက ညွှန်ကြားထားကြောင်း ဒေသခံများက ပြောသည်။

“ဆေးရုံရှေ့က လမ်းလည်း မရှိတော့ဘူး၊ အုတ်ခြံစည်းရိုးတောင် ပြိုဆင်းသွားတာ။ အခုက ဆေးရုံထဲက ဖြတ် ပြီးတော့ သွားလာနေရတယ်။ နောက်ပြီး ကမ်းပါးနားမှာရှိတဲ့ နေအိမ်တွေ ညည့်အချိန်မတော်မှာ ပါသွားမှာကို စိုးရိမ်ရပါတယ် ” ဟု ကြိမ်ချောင်းဒေသခံတစ်ဦးက ပြောသည်။

ကြိမ်ချောင်းကျေးရွာ ကမ်းပါးနားရှိ နေအိမ်များမှ အိမ်ထောင်စုများသည် လက်လုပ်လက်စားများဖြစ်၍ ကမ်းပါး ပြိုကျမှုတွင် နေအိမ်များ ပါသွားပါက အခက်အခဲများစွာ ကြုံတွေ့နိုင်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် မြေနေရာအသစ် စီစဉ်ပေးရန် ဒေသခံများက လိုလားနေကြသည်။

မိုးရာသီကာလတွင် နှစ်စဉ် သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့နေရသည့် ကြိမ်ချောင်းကျေးရွာသို့ လူမှု ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိမှု နည်းပါးသဖြင့် အကူအညီများ လာရောက်ပေးကြရန်လည်း ဒေသခံ များက တောင်းဆိုထားကြသည်။

ရခိုင်ဒေသသည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အလျောက် မြစ်ချောင်းများ ပေါများပြီး ရေတိုက်စားမှုနှင့် တောင်ကျချောင်း ရေစီးသန်မှုတို့ကြောင့် မြို့နယ်အများစုတွင် နှစ်စဉ် ကမ်းပါးပြိုကျမှုဒဏ်ကို ရင်ဆိုင်နေကြ ရသည်။

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...