ဝန်ကြီးချုပ်ဟောင်းဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅ (ခ) ဖြင့် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်လိုက်ခြင်းမှာ မဖြစ်သင့်ကြောင်း မိသားစုပြော

ဝန်ကြီးချုပ်ဟောင်းဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅ (ခ) ဖြင့် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်လိုက်ခြင်းမှာ မဖြစ်သင့်ကြောင်း မိသားစုပြော

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅ (ခ) ဖြင့် စစ်တွေမြို့နယ်တရားရုံးမှ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်လိုက်ခြင်းမှာမဖြစ်သင့်ကြောင်း ၎င်း၏မိသားစုဝင်များက ပြောကြားလိုက်သည်။

ဦးညီပုမှာ (၈) လကြာတရားရင်ဆိုင်ခဲ့ပြီးနောက် အောက်တိုဘာလ ၈ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးမှ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅ (ခ) ၏ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂) နှစ် ချမှတ်လိုက်သည်။

“ဒါကတော့ မဖြစ်သင့်တဲ့ကိစ္စလို့ထင်တယ်” ဟု ဝန်ကြီးချုပ်ဟောင်းဦးညီပု၏ သမီး မကြည်ကြည်ဦးကပြောသည်။

ဝန်ကြီးချုပ်ဟောင်းဦးညီပုမှာ ဖမ်းဆီးခံရသည့်နေ့မှစ၍ မိသားစုဝင်များနှင့်တွေ့ခွင့် တစ်ကြိမ်မှမရရှိခဲ့ဘဲ ထောင်ဒဏ်ချမှတ်ခံလိုက်ရပြီး ၄င်းနှင့်တွေ့ခွင့်ရရေးအတွက် မိသားစုများက လိုလားနေကြသည်။

နိုင်ငံတော်အာဏာကို စစ်တပ်ကသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အခြားတိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များနည်းတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂ ရက်အကြာတွင် ပြန်လွှတ်ပေးကာ နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဦးညီပုက ပြည်သူသို့ပြန်ကြားချက်ခေါင်းစဉ်ဖြင့် ဗွီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့်ဖော်ပြခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၀ နာရီအချိန်တွင် စစ်တပ်က ဦးညီပုကို ထပ်မံဖမ်းဆီးခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅ (ခ) ဖြင့် ဦးညီပုကို စစ်တွေမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့သည်။

ဦးညီပု၏အမှုနှင့်ပတ်သက်ပြီး ဥပဒေကြောင်းအရ ယခုထက်ပိုကောင်းမည့်အဖြေကို မျှော်မှန်းခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ခဲ့သည့် သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းကပြောသည်။

“မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်တဲ့အပေါ်မှာ သူတို့သဘောထားကိုမေးပြီးတော့မှ အယူခံတက်၊ မတက်ကို တုန့်ပြန်သွားမယ်” ဟု ဦးမျိုးမြတ်ဟိန်းက ပြောဆိုထားသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို နိုင်ငံတော်အကြည်အညိုပျက်စေမှုအပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ ခုနှင့်လည်း တရားစွဲဆိုထားသည်။

ယင်းအဂတိအမှုတွင် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့လည်း ပါဝင်သည်။

စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ခဲ့မှုကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ-၁၉၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၅ တို့ဖြင့် စက်တင်ဘာ ၁၇ ရက်တွင် တောင်ကုတ်မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်နှင့် ၂ လ ချမှတ်ခံထားရသည်။

 
 

 

 

ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...
စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...