၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရခိုင်မှ တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ဝါးတင်ပို့ရောင်းချခြင်းမရှိခဲ့

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရခိုင်မှ တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ဝါးတင်ပို့ရောင်းချခြင်းမရှိခဲ့

ရခိုင်ပြည်နယ်မှထွက်ရှိသော ဝါးများကို မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်တင်ပို့ခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဝါးတင်ပို့ခြင်းမရှိခဲ့ကြောင်း သိရသည်။

၂၀၂၀ ခုနှစ်တွင် COVID-19 ဒုတိယလှိုင်းကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ယင်းနှစ်ဇူလိုင်ပထမအပတ်မှ စတင်ပိတ်ပင်ခဲ့ပြီး ၂၀၂၁ ဧပြီလ ၁၂ ရက်နေ့က ကိုဗစ်လျှော့ကျ၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးကိုစခန်းကို ဧပြီ၊ မေ၊ ဇွန် သုံးလခန့်သာပြန်ဖွင့်ခဲ့ရပြီး COVID-19 တတိယလှိုင်းဖြစ်ပွားလာ၍ ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ကာ ပြန်လည်ပိတ်လိုက်ရသည်။

“ဒီနှစ်ဘဏ္ဍာရေးနှစ်မှာက သုံးလလောက်ပဲ အလုပ်လုပ်လိုက်ရတယ်။ ဝါးတွေကတော့ တစ်ဖက်နိုင်ငံကို တင်ပို့မှုတွေလုံးမရှိခဲ့ဘူး။ ဝါးတွေတင်ပို့မှုတွေမရှိခဲ့တာတော့ အဲဒီအချိန်တုန်းကဆိုရင် ဝါးတွေရှားပါးတာလည်း ဖြစ်နိုင်တယ်။ ပြီးတော့ လုပ်ငန်းရှင်တွေကလည်း ဝါးတင်ပို့မဲ့အချိန်တွေမရရှိခဲ့ကြဘူးထင်တယ်” ဟု မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသာထွန်းစိန်က DMG ကိုပြောသည်။

လက်ရှိရခိုင်တွင် ကုန်ပစ္စည်းများစျေးတက်နေသည့်အတွက် ဝါးစျေးများမှာလည်း မြင့်တက်လျှက်ရှိနေသည်ဟု ပုဏ္ဏားမြို့နယ်မှ အခြားနေရာများသို့ ဝါးရောင်းချလျှက်ရှိနေသည့် သရက်ရွှေကျေးရွာမှ ဦးအောင်ထွန်းသိန်းပြောသည်။

“အခုက ကုန်စည်နှုန်းတွေကတက်တော့ ဝါးစျေးနှုန်းတွေလည်း တက်တာရှိတယ်။ ဝါးဖောင်တွေကို စက်တွေနဲ့သယ်ရတာဆိုတော့ ဆီစျေးတွေက စျေးတက်တဲ့အတွက် ဝါးစျေးတွေတက်နေတာဖြစ်တယ်။ ဆယ်နှစ်တောင်ဝါးတစ်ရာကို အခုကသုံးသောင်းကျော်ရှိတယ်။ ဝါးတွေကဒီအချိန်တွေဆိုရင် ထွက်တာလည်းများတယ်။ အရင်တုန်းကဒီအချိန်ဆိုရင် ဝါးတစ်ရာကိုနှစ်သောင်းခွဲလောက်ပဲရှိတယ်” ဟု ဦးအောင်ထွန်းသိန်းက ဆိုသည်။  

ဝါးစျေးများတက်နေသော်လည်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ပိတ်ထားသည့်အတွက် ဝါးလုပ်ငန်းရှင်များအခက်အခဲဖြစ်ကြောင်းလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဝါးတန်ချိန် ၁၁၇၈ တန် (အမေရိကန်ဒေါ်လာ ၉၄၀၀၀ တန်ဖိုး) အထိ တင်ပို့နိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း ဝါးတန်ချိန် ၅၇၂ တန်ခန့် (အမေရိကန်ဒေါ်လာ ၄၅၀၀၀ ခန့်တန်ဖိုး) အထိ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 
 

 

 

ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...
စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...