မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးအဖွဲ့ သေနတ်ဖြင့်ပစ်ခံရ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာပြင်းထန်စွာရ

မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးအဖွဲ့ သေနတ်ဖြင့်ပစ်ခံရ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာပြင်းထန်စွာရ

မုန့်ဟင်းခါးထိုင်စားနေကြသော မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးအဖွဲ့ကို လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်၍ ကောင်စီ၀င်တစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာ ပြင်းထန်စွာရရှိမှု ယနေ့နံနက်က ဖြစ်ပွားခဲ့သည်။

“အုပ်ချုပ်ရေးမှူးရုံးကလူကြီးတွေလေးငါးယောက်လောက် ရုံးရှေ့က မုန့်ဟင်းခါးဆိုင်မှာ ထိုင်စားနေတုန်း၊ သေနတ်နဲ့လူနှစ်ယောက်က ဝင်ပစ်သွား တာပါ၊ လူကြီးတစ်ယောက်သေတယ်လို့ အတည်ပြုနိုင်ပါတယ်၊ ဒဏ်ရာရသူတွေလည်း ရှိပါတယ်" ဟု မလှိုင်မြို့ဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက် ၈ နာရီကျော်အချိန့်ကဖြစ်ပွားခဲ့ကြောင်းသိရပြီး၊ အခင်းဖြစ်စဉ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဦးကျော်ငြိမ်း သေနတ်ဖြင့် အချက် ပေါင်းများစွာ ပစ်ခတ်ခံရပြီး၊ ပွဲချင်းပြီးသေဆုံးကြောင်း၊ နောက်ထပ်ရုံးအဖွဲ့မှူး နှစ်ဦး ဒဏ်ရာပြင်းစွာရထားကြောင်း ဒေသခံများကပြော သည်။

မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဦးကျော်ငြိမ်းသည် စစ်ကောင်စီခန့် နာမည်ဆိုးဖြင့်ကျော်ကြားသူတစ်ဦးအဖြစ် ယခင်ကလည်း တစ်ကြိမ် တိုက်ခိုက်ခံရဖူးကြောင်းလည်း သိရသည်။

လက်ရှိတွင် မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးမှူးရုံး အနီးတစ်ဝိုက်ကို စစ်ကောင်စီလက်နက်ကိုင်များက ပိတ်ဆို့ထားပြီး ရုံးပတ်ဝန်းကျင်ရပ်ကွက်ကိုလည်း မွှေနှောက်ရှာဖွေနေကြောင်း ဒေသခံများက သတင်းပေးပို့သည်။

 
 

 

 

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...