အင်းတော်ကြီး မိုင်းနောင်ကျေးရွာအနောက်ဘက်ခြမ်းကို စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲ

အင်းတော်ကြီး မိုင်းနောင်ကျေးရွာအနောက်ဘက်ခြမ်းကို စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲ

အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနောက်ဘမ်းခြမ်းကို စစ်ကောင်စီတပ်၏ တပ်ယာဉ်များက ဗုံးကျဲခဲ့ကြောင်းသိရသည်။

“၁၁ နာရီ ၄၅ လောက် လေယာဉ်နှစ်စီးနဲ့လာတာ၊ နှစ်လုံးလောက်တော့ကျဲတယ် ပြီးတော့ မြစ်ကြီးနားဘက်ပျံသွားပြီ” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောသည်။

ထိုဗုံးကျဲမှုကြောင့် မီးခိုးလုံးများတွေ့မြင်ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

စစ်ကောင်စီတပ် ဗုံးလာကျဲသည့်လေယာဉ်သည် ရုရှားနိုင်ငံထုတ် Yak-130 ဖြစ်ကြောင်း သိရသည်။

Yak-130 သည် ရုရှားနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၅ ခုနှစ်တွင် ရောင်းဝယ်မှုအတွက် လက်မှတ်ထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၆ စီးရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ထပ်မံပြီး ၆ စီးရရှိခဲ့ကြောင်း သိရရှိသည်။

မနေ့ကလည်း မိုးညှင်းမြို့နယ် နမ္မချီကျောက်မှော်ဧရိယာကို လေယာဉ်များဝဲပျံခဲ့ကြောင်း ထိုဒေသခံများက ပြောဆိုသည်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...