အင်းတော်ကြီး မိုင်းနောင်ကျေးရွာအနောက်ဘက်ခြမ်းကို စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲ

အင်းတော်ကြီး မိုင်းနောင်ကျေးရွာအနောက်ဘက်ခြမ်းကို စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲ

အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနောက်ဘမ်းခြမ်းကို စစ်ကောင်စီတပ်၏ တပ်ယာဉ်များက ဗုံးကျဲခဲ့ကြောင်းသိရသည်။

“၁၁ နာရီ ၄၅ လောက် လေယာဉ်နှစ်စီးနဲ့လာတာ၊ နှစ်လုံးလောက်တော့ကျဲတယ် ပြီးတော့ မြစ်ကြီးနားဘက်ပျံသွားပြီ” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောသည်။

ထိုဗုံးကျဲမှုကြောင့် မီးခိုးလုံးများတွေ့မြင်ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

စစ်ကောင်စီတပ် ဗုံးလာကျဲသည့်လေယာဉ်သည် ရုရှားနိုင်ငံထုတ် Yak-130 ဖြစ်ကြောင်း သိရသည်။

Yak-130 သည် ရုရှားနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၅ ခုနှစ်တွင် ရောင်းဝယ်မှုအတွက် လက်မှတ်ထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၆ စီးရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ထပ်မံပြီး ၆ စီးရရှိခဲ့ကြောင်း သိရရှိသည်။

မနေ့ကလည်း မိုးညှင်းမြို့နယ် နမ္မချီကျောက်မှော်ဧရိယာကို လေယာဉ်များဝဲပျံခဲ့ကြောင်း ထိုဒေသခံများက ပြောဆိုသည်။

၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...