ငါးတင်ပို့ရာတွင် တရုတ်ဘက်မှ ညွှန်ကြားထားသည့် စည်းကမ်းများကို လိုက်နာရန် ခက်ခဲနေ

ငါးတင်ပို့ရာတွင် တရုတ်ဘက်မှ ညွှန်ကြားထားသည့် စည်းကမ်းများကို လိုက်နာရန် ခက်ခဲနေ
ရေးမြို့နယ် ပင်လယ်ငါးဖမ်းလှေများနှင့် ကျားဖောင်များ (DVB)
ရေးမြို့နယ် ပင်လယ်ငါးဖမ်းလှေများနှင့် ကျားဖောင်များ (DVB)

ပြည်တွင်းထွက် ငါးများကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်ဘက်မှ လိုက်နာရန် ညွှန်ကြားထားသော အချက် ၇ ချက်ကို လိုက်နာရန် ခက်ခဲကြောင်း ပြည်နယ်ငါးလုပ်ငန်းရှင်များထံမှ သိရသည်။

တရုတ်ဘက်မှ ကိုဗစ်နှင့် ပတ်သက်ပြီး တင်းကြပ်လိုက်သည့် စည်းကမ်းချက်များအနက် ၃ ချက်ကို လိုက်နာဆောင်ရွက်ရန် ငွေကြေးကုန်ကျမှု များနေကြောင်း မော်လမြိုင်မြို့နယ်မှ ငါးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

"နှစ်ပတ်တစ်ခါ အလုပ်သမားတွေရော၊ ဝန်ထမ်းတွေရော ဓာတ်ခွဲခန်းမှာ စစ်ရမယ်ဆိုတာက နည်းနည်းတော့ ကျွန်တော်တိူ့အတွက် ဂွကျတယ်။ သူတို့ပို့တဲ့ ခုနှစ်ချက်မှာ သုံးချက်လောက်တော့ မလုပ်နိုင်ဘူးပေါ့လေ"ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံမှ ညွှန်ကြားချက်များတွင် ငါးများကို ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးရန်၊ ငါးလုပ်ငန်း လုပ်ကိုင်သူများ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးရန်၊ ကာကွယ်ဆေးထိုးပြီးပါက နှစ်ပတ်တစ်ကြိမ် ရောဂါပိုး ရှိ/မရှိ စစ်ဆေးရန် စသည့် အချက်သုံးချက်ကို လုပ်ဆောင်ပေးရန် ငွေကြေးကုန်ကျမှုများစွာ ရှိနိုင်ကြောင်း ၄င်းကဆက်ပြောသည်။

ပြည်နယ်ထွက်ငါးများကို တရုတ်နိုင်ငံသို့သာ အဓိက တင်ပို့နေခြင်းဖြစ်ပြီး တရုတ်ဘက်မှ စည်းကမ်းတင်းကြပ်လိုက်သောကြောင့် တင်ပို့ရာမှာ အခက်အခဲရှိလာကြောင်း၊ ပြည်ပသို့ တင်ပို့ရာတွင် အခက်အခဲများ ရှိနေသောကြောင့် ပြည်တွင်းတင်ပို့ရေးလုပ်ငန်းတချို့ ရပ်နားထားရကြောင်း မော်လမြိုင်မှ ငါးတင်ပို့ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

"လောလောဆယ်တော့ ပြည်တွင်းစားသုံးလောက် အနေအထားမှာပဲရှိတယ်။ ပြည်ပကို မဖြုန်းနိုင်ရင် ခက်တာပေါ့။ ပြည်တွင်းလောက်ပဲဆိုရင်တော့ ခက်တာပေါ့။ အခုဆို ရပ်တဲ့သူတွေက ရပ်ကုန်ကြပြီ" ဟု ၎င်းက ပြောသည်။

ပြည်တွင်း၌လည်း ငါးဖမ်းဆီးရရှိမှု နှင့် အရောင်းအဝယ် ကျဆင်းလာသည့် အခြေအနေ နှင့်လည်း ရင်ဆိုင်နေရကြောင်း၊ မွန်ပြည်နယ်ထွက် ငါးပုတ်သင်၊ ငါးသလောက်၊ ငါးကွင်းရှပ်များကို တရုတ်နိုင်ငံက အဓိကထား ဝယ်ယူကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ မြန်မာ့ရေထွက်ကုန် ပြည်ပပို့မှုတန်ဖိုး ယခင်ကာလတူနှင့်နှိုင်းယှဥ်ပါက အမေရိကန်ဒေါ်လာ ၇၄ ဒဿမ ၀၆၅ သန်း လျော့နည်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ သိရသည်။

Most read this week

ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...