ကံပေါက်ဒေသ ရပ်ရွာရေပေးဝေရေးကော်မတီနှင့် အမှိုက်သိမ်းယာဥ်တစ်စီးကို အာဏာပိုင်များ သိမ်းဆည်းခဲ့ဟုဆို

ကံပေါက်ဒေသ ရပ်ရွာရေပေးဝေရေးကော်မတီနှင့် အမှိုက်သိမ်းယာဥ်တစ်စီးကို အာဏာပိုင်များ သိမ်းဆည်းခဲ့ဟုဆို

တနင်္သာတိုင်း ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်စု ရေပေး‌ဝေ‌ရေးကော်မတီနှင့် အမှိုက်သိမ်းယာဥ်တစ်စီးကို အာဏာပိုင်များ သိမ်းဆည်းခဲ့ကြောင်း ဒေသခံများက ဆိုသည်။

"ပိုက်ဆံတွေလည်းသိမ်းသွားတယ်။ အခု ကော်မတီအဟောင်းကိုဖျက်ပြီး အသစ်လုပ်ဖို့စီစဥ်နေကြတယ်။ ကော်မတီဝင်အဟောင်းတွေကိုလည်းအရေးယူတာမျိုး မရှိသေးဘူး" ဟု ကံပေါက်ဒေသခံ မစိုးစန္ဒာဖြိုးက ပြောသည်။

သို့ရာတွင် အဆိုပါကော်မတီသည် တိုင်းဒေသကြီးအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသောကြောင့် သိမ်းယူရခြင်းဖြစ်ကြောင်း

ကံပေါက်ဒေသရဲအသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

"အစက သူတို့အာဏာပိုင်တို့နဲ့ပူပေါင်းခိုင်းတယ် ကော်မတီထဲ သူတို့လူတွေထည့်ပေးဖို့‌ပြောတယ်၊ ကော်မတီက လက်မခံတော့ အခုလိုလုပ်လိုက်တာပဲ” ဟု အသိမ်းခံလိုက်ရသည့် ရေပေးဝေရေးကော်မတီဝင်တစ်ဦးက ဆိုသည်။

ခလရ ၂၇၃ မှ စစ်ဘက်အရာရှိတစ်ဦးနှင့် ကံပေါက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ အောက်တိုဘာလ ၅ ရက်က ကံပေါက်ဒေသရပ်ရွာ ရေပေးဝေရေးကော်မတီအား ဖျက်သိမ်းလိုက်ပြီး ဘဏ်စာရင်းရှိ မြန်မာကျပ်ငွေ ၁ဝ သန်းကျော်နှင့် ငွေသား ၃၅ သိန်းကိုပါ သိမ်းယူသွားကြောင်း အထက်ပါ ရေပေးဝေရေးကော်မတီဝင်က ဆိုသည်။

ထို့ပြင် အောက်တိုဘာ ၇ ရက်နေ့တွင် ကံပေါက်ဒေသ ရပ်ရွာအမှိုက်သိမ်းစနစ် (ဗိုလ်အောင်ဒင်ကား) မော်တော်ယာဉ်ကို ကျေးရွာအာဏာပိုင်အဖွဲ့က သိမ်းဆည်းလိုက်ပြီး အမှိုက်သိမ်းဝန်ထမ်းများကိုလည်း တာဝန်မှရပ်ဆိုင်းလိုက်‌ကြောင်း သိရသည်။

သို့ရာတွင် ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များထံ ဆက်သွယ်၍ မရသေးပေ။

၂၀၁၈ ခုနှစ်မှစတင်ကာ ရပ်ရွာလူထုမှ ထူထောင်ထားသည့် ကံပေါက်ရေပေးဝေရေးကော်မတီသည် ရပ်ကွက် ၁၁ ခု ကို ရေပေးဝေရေး ဝန်ဆောင်မှု‌ပေးနေသော ရပ်ရွာအကျိုးပြုကော်မတီတစ်ခုဖြစ်ကြောင်း သိရသည်။

Photo - ကံပေါက်ကျေးရွာ

 
 

 

 

April 4, 2026
မွန်ပြည်နယ်၊ ၁၀ မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စစ်ကော်မရှင်မှ သတ်မှတ်ထုတ်ပြန်ထားသည့်...
April 3, 2026
မြန်မာနိုင်ငံတွင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် Central Equipment Identity...
April 2, 2026
အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ် ကားလမ်းပိုင်းကို သွားလာခွင့်ပြုပြီး ၃ ရက်အကြာ မတ်လ...
April 1, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသဖွံ့ဖြိုးရေးဟုဆိုကာ ဒေသခံပြည်သူလူထု၏ အသံနှင့် သဘာဝပတ်ဝန်းကျင်...