သံတွဲမှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးစိန်ချစ်ကိုဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထား

သံတွဲမှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးစိန်ချစ်ကိုဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထား

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးစိန်ချစ်ကို အောက်တိုဘာလ ၉ ရက် ညနေ ၁၀ နာရီတွင် ရဲတပ်ဖွဲ့ဝင်များက ၎င်း၏နေအိမ်မှ လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဦးစိန်ချစ်အားဖမ်းဆီးရာတွင် သံတွဲရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စရဖအဖွဲ့ဝင်များလည်းပါဝင်ပြီး မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကိုမသိရသေးကြောင်း ဦးစိန်ချစ်ဇနီး ဒေါ်ခင်နှင်းဖြူက DMG သို့ပြောသည်။

"ဘာကြောင့်ဖမ်းသွားတယ်ဆိုတာကိုတော့ မသိဘူး။ လာဖမ်းတဲ့အခါ ရဲတွေ၊ စရဖတွေပါတယ်။ ကြားရသလောက်ကတော့ ရမန်ယူမယ်လို့တော့ကြားတယ်။ ဘာပုဒ်မနဲ့အမှုဖွင့်ထားတယ် ဆိုတာကိုတော့ မသိသေးဘူး" ဟု ဒေါ်ခင်နှင်းဖြူကဆိုသည်။

လက်ရှိမှာ ဦးစိန်ချစ်ကို အကြမ်းဖျက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀(က)၊ ၅၂(က) တိုဖြင့် သံတွဲမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သံတွဲရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက DMG သို့ အတည်ပြုပြောဆိုသည်။

"သူ့ကိုမနေ့က ဖမ်းလိုက်ပါတယ်။ သူ့ကိုက လက်ရှိအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ-၅၀(က)၊ ၅၂(က) တို့နဲ့ အမှုဖွင့်ထားပါတယ်။ သူက မအူပင်မှာဖမ်းမိတဲ့ PDF အဖွဲ့တွေနဲ့ အဆက်အစပ်ရှိလို့ဖမ်းတာပါ" ဟု ၎င်းရဲအရာရှိက ဆိုသည်။

လက်ရှိတွင် ဦးစိန်ချစ်နှင့်ဆက်စပ်သူအချို့ကိုလည်း လိုက်လံရှာဖွေခြင်းများရှိသဖြင့် ရှောင်တိမ်းနေရသူအချို့ရှိကြောင်းလည်း သိရသည်။

ဦးစိန်ချစ်မှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင့်ဦးဆောင်ပါတီကိုယ်စားပြု၍ သံတွဲမြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည်။

 
 

 

 

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...