ပင်လည်ဘူးမြို့နယ်ရှိ ကျေးရွာတချို့တွင် စက်သုံးဆီပြတ်လပ်

ပင်လည်ဘူးမြို့နယ်ရှိ ကျေးရွာတချို့တွင် စက်သုံးဆီပြတ်လပ်

အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခြင်းခံထားရသည့် ပင်လည်ဘူးမြို့နယ်ရှိ ကျေးရွာတချို့တွင် စက်သုံးဆီပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

“အင်တာနက်လိုင်းတွေမမိလို့ နွားစာခုံတဲကို ဆိုင်ကယ်နဲ့လိုင်းလာသုံးရတာ၊ အခု ဓာတ်ဆီစျေးက တစ်ဂါလံ တစ်သောင်းကျပ်ကနေ ဝယ်လို့မရတော့ပါ။ ဓာတ်ဆီပြတ်နေပြီ” ဟု ပင်လည်ဘူးဒေသခံတစ်ဦးက ဆိုသည်။

အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ အသုံးပြုနိုင်ရန်အတွက် ဗန်းမောက်မြို့နယ်စပ်အနီးရှိ ကျေးရွာသို့လာရောက်ပြီး အသုံးပြုရခြင်းဖြစ်ကြောင်း သိရသည်။

စက်သုံးဆီစျေးများသည် စက်တင်ဘာလကုန်တွင် တစ်နိုင်ငံလုံးနီးပါး စျေးနှုန်းနှစ်ဆကျော်အထိ မြင့်တက်လာခဲ့ပြီး ယနေ့တိုင် မြင့်တက်နေဆဲဖြစ်နေသည်။

ပင်လည်ဘူးမြို့နယ်၏ မြောက်ဘက်တွင် ဗန်းမောက်မြို့နယ်နှင့် ထိစပ်နေပြီး တောင်ဘက်တွင် ကျွန်းလှမြို့နှင့် ဆက်သွယ်ထားက အနောက်ဘက်တွင် ဖောင်းပြင်မြို့နယ်ထိဖြင့် ထိစပ်နေသည်။

ကုန်သွယ်ရေးလုပ်ငန်းအတွက် ကားလမ်းတစ်ခုတည်းသာရှိပြီး ကျေးရွာချင်းဆက်လမ်းများလည်း ယနေ့အချိန်ထိ ခက်ခဲနေဆဲဖြစ်သည့် မြို့နစ်ခုလည်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင်တစ်ခုလုံးကို စစ်ကောင်စီက အောက်တိုဘာလ ၂၆ ရက်နေ့ကတည်းက ဖြတ်တောက်ထားခဲ့ခြင်းဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...