မန္တလေး ရထားသံလမ်း ပေါက်ကွဲမှုထပ်ဖြစ်

မန္တလေး ရထားသံလမ်း ပေါက်ကွဲမှုထပ်ဖြစ်

မန္တလေးမြို့တွင် ယနေ့မွန်းလွဲပိုင်းက ရထားသံလမ်းပေါ်ဗုံးပေါက်ကွဲမှု ဒုတိယ အကြိမ်ထပ်မံဖြစ်ပွားခဲ့သည်။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်အနီးက ရထားလမ်း သံလမ်းပေါ် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲအားပြင်းထန်ကြောင်း ဒေသခံတစ်ဦးကအတည်ပြုပြော သည်။

“ကျွန်တော်တို့တံခွန်ုတိုင်ရပ်ကွက်ဘေးကရထားသံလမ်းပေါ်ပေါက်တာပါ၊ ပေါက်ကွဲအားတအားပြင်းတယ်၊ မြေကြီးပါတုန်သွားတာပါ၊ ဖြစ်ဖြစ်ချင်းပဲ စစ်သားတွေရောက်လာပြီး အဲဒီဘက်ပိတ်ထားပါတယ် လူထိတယ်တော့ မကြားမိဘူးဗျ” ကနဦးအခြေအနေနှင့်ပတ်သက်၍ ဒေသခံတစ်ဦးကပြောသည်။

မွန်းလွဲ ၂ နာရီအချိန်ခန့်က အုန်းကနဲပေါက်ကွဲသံကြီးနှင့်အတူ မြေတုန်ခါမှု ကြီးပါဖြစ်ခဲ့တာကြောင့် ဒေသခံများအထိတ် တလန့်ဖြစ်ခဲ့ကြကြောင်းလည်း သိရသည်။

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းကလည်း ၁၁၆ လမ်းနှင့် ၅၆ လမ်းအနီး မန္တလေး-ပြင်ဦးလွင်ရထားလမ်းပိုင်းရှိ တံတားအမှတ် (၉) ပေါ်တွင် ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ခဲ့သေးဘူး၊ ပေါက်ကွဲမှုများနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ အစည်းကဖောက်ခွဲခြင်းဖြစ်ကြောင်းတော့ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်းတွင် ယမန်နေ့ညက ဗုံးနှင့် လက်နက်ပစ္စည်းများသယ်ဆောင်လာသည့် ကျောက်ကားတစ်စီး ဖမ်းဆီးခံထားရကြောင်း ယနေ့ညနေပိုင်း သတင်းများ ထွက်ပေါ်နေသည်။

 
 

 

 

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...