သထုံမြို့နယ်တွင် ကာကွယ်ဆေးထိုးပြီးသူဦးရေ နှစ်သောင်းနီးပါးရှိပြီ

သထုံမြို့နယ်တွင် ကာကွယ်ဆေးထိုးပြီးသူဦးရေ နှစ်သောင်းနီးပါးရှိပြီ

သထုံမြိုနယ်တွင် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး ထိုးပြီးသည်ပြည်သူ နှစ်သောင်းနီးပါးရှိလာပြီဖြစ်ကြောင်း အောက်တိုဘာ ၆ ရက် စာရင်းများအရ သထုံမြိုနယ် ကျန်းမာရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာသန်းဦးက ပြောသည်။

"ဒီနှစ်အတွင်းမှာ ကိုးသောင်းလောက်တော့ မှန်းထားတယ်။ ၅၀ ရာခိုင်နှုန်းပေါ့။ ၁၈ နှစ်ပြည့်အထိဆိုတော့လေ။ ၅၀ ရာခိုင်နှုန်းနဲ့ဆိုတော့ ကိုးသောင်းလောက်ထိ မှန်းထားတယ်" ဟု ၎င်းကပြောသည်။

ကိုဗစ်ကာကွယ်ဆေးထိုးသည့် ပြည်သူများ ပိုမိုများပြားလာသည့်အတွက် ကူးစက်ပြန့်ပွားမှုနှုန်းလည်း သိသိသာသာ လျော့ကျလာပြီဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးထားပြီးသူများသည်လည်း ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာရမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

သို့ရာတွင် ယခင်ကာလတွင် ကာကွယ်ဆေးထိုးရန် စိုးရိမ်ကြောက်ရွံ့နေကြသူများရှိသော်လည်း ယခုအခါ ကာကွယ်‌ဆေးလာရောက်ထိုးသူ များပြားလာကြောင်း ကာကွယ်ဆေးထိုးနှံသည့်နေရာတွင် ကူညီပေးနေသူ ပရဟိတဝန်ထမ်းတစ်ဦးက ပြောသည်။

"အစကတော့ ကာကွယ်ဆေးထိုးဖို့ ဖုန်းဆက်ပေးတယ်။ လိုက်ပြောပေးတယ်ပေါ့နော်။ လာမထိုးကြဘူး။ ကြောက်ကြတာပေါ့နော်။ အခုတော့ တော်တော်များများ လာထိုးနေကြပြီ။ ဒုတိယအကြိမ်တွေလည်း ပြီးနေပြီ" ဟု ၎င်းကပြောသည်။

ကာကွယ်ဆေးထိုးဆောင်ရွက်ရာ၌ စာရင်းကောက်ယူခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ Oxymeter တိုင်းခြင်း၊ ဆေးထိုးပြီး နာရီဝက် စောင့်ကြည့်ခြင်းများရှိကြောင်း၊ ယင်းသို့ ကာကွယ်ဆေးထိုးနှံရာတွင် မူဝါဒအားဖြင့် ကူးစက်မှုနှုန်းလျော့ကျရေး၊ သေနှုန်းလျော့ကျလာရန်နှင့် စီးပွားထိခိုက်မှု လျော့ချရေးအတွက် ကာကွယ်ဆေးထိုးရန် ဦးတည်အုပ်စု (၁၂) အုပ်စုကိုဦးတည်ထားကြောင်း သိရသည်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက “တတိယလှိုင်း အောက်ထိမကျသေးဘူးနော် မပေါ့ဆစေဖို့ သတိပေးလိုက်ပါတယ် ကိုဗစ်စည်းကမ်းတွေလဲ လိုက်နာရင်း တဖက်ကလဲ ကာကွယ်ဆေးထိုးဖို့ အကျုံးဝင်သူတွေ အမြန်ဆုံးထိုးနှံပါ” ဟု ၄င်းကို ဖေ့ဘုတ်တွင် တိုက်တွန်းရေးသားထားသည်။

မွန်ပြည်နယ်တွင် အသက် ၁၈ နှစ်ပြည့် ကာကွယ်ဆေးထိုးနှံသင့်သူ ၁၇ သိန်းကျော်ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့အထိ လူဦးရေ ၁ သိန်းခွဲကာကွယ်ဆေး ၂ ကြိမ်ထိုးနှံခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ လူဦးရေ ၁ သိန်းကို ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိရာ နှစ်ကုန်သည်အထိ လူဦးရေထက်ဝက်ခန့်အား ကာကွယ်ဆေးထိုးနှံပေးရန်စီစဥ်ထားကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...