သံတွဲတွင် မိသားစုလေးဦး မိုးကြိုးပစ်ခံရ၍ နှစ်ဦးသေဆုံး

သံတွဲတွင် မိသားစုလေးဦး မိုးကြိုးပစ်ခံရ၍ နှစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကညင်ကုန်းအုပ်စု၊ ရွာရှည်ကျေးရွာမှ မိသားစုလေးဦးမှာ အောက်တိုဘာ ၆ ရက်နေ့က သံတွဲချောင်းအတွင်း မိုးကြိုးပစ်ခံရကာ ၂ ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါမိသားစုမှ သံတွဲမြို့ပေါ်တွင် ဝါးရောင်းပြီး ကျေးရွာသို့ပြန်လာစဉ် မိုးကြိုးပစ်ခံခဲ့ရခြင်းဖြစ်သည်။

မိုးကြိုးပစ်ခံရသည့် မိသားစုလေးဦးထဲမှ မိခင်ဖြစ်သူ ဒေါ်အေးအေးအောင်နှင့် ၂ နှစ်အရွယ် သားငယ်ဖြစ်သူ မောင်ဝသန်အောင်တို့မှာ သေဆုံးခဲ့ပြီး ၅ နှစ်အရွယ် သားကြီးဖြစ်သူ မိုးထက်ဝဏကျော်တွင် ဒဏ်ရာရရှိခဲ့ကာဆေးကုသမှုခံယူလျက်ရှိသည်။

ဖခင်ဖြစ်သူ ဦးသန်းရွှေမှာ ပျောက်ဆုံးနေပြီး ယနေ့ နေ့လည်ပိုင်းအထိ ရှာမတွေ့သေးကြောင်း သိရသည်။

ဆေးကုသခံယူနေရသည့် ကလေးငယ်မှာ လက်ရှိ ကျန်းမာရေးကောင်မွန်လာနေပြီဖြစ်ကြောင်း ကလေး၏အဒေါ်ဖြစ်သူ ဒေါ်ကြာခင်က ပြောသည်။

"လက်ရှိကလေးကတော့ နေပြန်ကောင်းလာပြီလို့ပြောရမယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူကိုတော့ ရှာမတွေ့သေးဘူး။ မိခင်နှင့် ညီဖြစ်သူကိုတော့ သင်္ဂြိုဟ်ထားပြီးပြီ။ ဆေးကုသစရိတ်ကလဲ အခက်အခဲရှိနေတယ်" ဟု ၎င်းကဆိုသည်။

လက်ရှိမှာ ဆေးကုသစရိတ်ကို We love Rakhine မှ ကူညီပံပိုးပေးထားပြီး ကျန်ရစ်ခဲ့သည့် မိဘမဲ့ကလေးအား မိသားစုဝင်များ၏ သဘောအရ ထိန်းသိမ်းစောင့်ရှောက်ပေးရန် စီစဉ်ထားကြောင်း သံတွဲမြို့နယ် We love Rakhine အသင်းဝင် ကိုအောင်ကျော်စိုးက ပြောသည်။

"ကလေးဆေးကုသစရိတ်အချို့ကိုတော့ ပံ့ပိုးနေပါတယ်။ ဒါပေမဲ့ ကလေးက မိဘမဲ့ဖြစ်သွားတယ်ဆိုတော့ သူ့ရှေ့ရေးက မိသားစုဝင်သဘောထားအပေါ်ကြည့်ပြီး ကူညီပေးဖို့အတွက်ကို စီစဉ်ထားတယ်" ဟု ဆိုသည်။

ပျောက်ဆုံးနေသည့် ဦးသန်းရွှေကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် ကျေးရွာသားများမှရှာဖွယ်နေကြောင်း မိသားစုဝင်ထံမှ သိရသည်။

အောက်တိုဘာလ ၂ ရက်နံနက်ကလည်း မိုးကြိုးပစ်ခံရ၍ ကျောက်တော်မြို့နယ်၊ ပေါက်တောကျေးရွာမှ အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး မင်းပြားမြို့နယ်၊ မင်းရွာကျေးရွာမှ ၃၉ နှစ်အရွယ် ဒေါ်ကြည်ကြည်အေး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိကာလတွင် မုတ်သုံသည် မြန်မာနိုင်ငံမှစတင်ဆုတ်ခွာစပြုနေပြီဖြစ်သဖြင့် မိုးတိမ်တောင်အန္တရာယ်ကို အထူးဂရုစိုက်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ ပြောဆိုထားသည်။

ထိုသို့ မိုးတိမ်တောင်များကြောင့် လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ နေရာကွက်၍ မိုးသည်းထန်စွာရွာခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပွားနိုင်ကြောင်းလည်း ဦးလှထွန်းကဆိုသည်။

(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...
စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...