ပေါင်မြို့နယ် YMBA အသင်းနာယကတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီး သေဆုံး

ပေါင်မြို့နယ် YMBA အသင်းနာယကတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီး သေဆုံး

ပေါင်မြို့နယ် ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) အသင်း နာယကတစ်ဦးဖြစ်သူ ဦးခင်မောင်ဦးအား အမည်မသိအဖွဲ့တစ်ခုမှ သေနတ်ဖြင့် ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းက လုပ်ကြံသတ်ဖြတ်သေဆုံးခဲ့သည်။

ဦးခင်မောင်ဦးက စွယ်တော်သုသာန်၊ မီးသဂြိုလ်စက်နားမှ ၎င်း၏ ဥယျာဥ်ခြံတွင်ရှိနေစဉ် အမည်မသိသေနတ်သမားတစ်ဦးမှ သေနတ် ၈ ချက်ခန့် ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဖြစ်စဥ်က မှန်ပါတယ်။ ဒါက ပေါင်မြို့နယ်မှာ ပထမဆုံး ပစ်ခတ်ခံရတာပဲ။ M16 ကျည်တွေလည်းတွေ့တယ်။ ပစ်သွားတဲ့သူကို မမိသေးဘူး။" ဟု ရဲအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ဦးခင်မောင်ဦးသည် စွယ်တော်သုသာန်အနီးတွင် ဥယျာဥ်ခြံလုပ်ငန်းနှင့် ဝက်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ယခင်က စာရေးဆရာတစ်ဦးဖြစ်ကြောင်း သိရသည်။

သေနတ်နဲ့ပစ်ခတ်ခံရသော ဦးခင်မောင်ဦးမှာ ဦးခေါင်းကြွေမွဒဏ်ရာများရရှိပြီး ပစ်ခတ်ခံရသည့်နေရာမှာပင် သေဆုံးခဲ့ခြင်းဖြစ်သည်။

အလားတူ ရေးမြို့နယ် အစင်ကျေးရွာ YMBA အသင်းအတွင်းရေးမှူး ဦးကျော်သူထွန်းသည်လည်း စက်တင်ဘာလ ၂၄ ရက်နေ့ညပိုင်းက သေနတ်ဖြင့် ၃ ချက် လုပ်ကြံခံခဲ့ရသော်လည်း အသတ်ဘေးမှ လွတ်မြောက်ခဲ့သည်။

ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...