ပေါင်မြို့နယ် YMBA အသင်းနာယကတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီး သေဆုံး

ပေါင်မြို့နယ် YMBA အသင်းနာယကတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီး သေဆုံး

ပေါင်မြို့နယ် ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) အသင်း နာယကတစ်ဦးဖြစ်သူ ဦးခင်မောင်ဦးအား အမည်မသိအဖွဲ့တစ်ခုမှ သေနတ်ဖြင့် ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းက လုပ်ကြံသတ်ဖြတ်သေဆုံးခဲ့သည်။

ဦးခင်မောင်ဦးက စွယ်တော်သုသာန်၊ မီးသဂြိုလ်စက်နားမှ ၎င်း၏ ဥယျာဥ်ခြံတွင်ရှိနေစဉ် အမည်မသိသေနတ်သမားတစ်ဦးမှ သေနတ် ၈ ချက်ခန့် ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဖြစ်စဥ်က မှန်ပါတယ်။ ဒါက ပေါင်မြို့နယ်မှာ ပထမဆုံး ပစ်ခတ်ခံရတာပဲ။ M16 ကျည်တွေလည်းတွေ့တယ်။ ပစ်သွားတဲ့သူကို မမိသေးဘူး။" ဟု ရဲအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ဦးခင်မောင်ဦးသည် စွယ်တော်သုသာန်အနီးတွင် ဥယျာဥ်ခြံလုပ်ငန်းနှင့် ဝက်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ယခင်က စာရေးဆရာတစ်ဦးဖြစ်ကြောင်း သိရသည်။

သေနတ်နဲ့ပစ်ခတ်ခံရသော ဦးခင်မောင်ဦးမှာ ဦးခေါင်းကြွေမွဒဏ်ရာများရရှိပြီး ပစ်ခတ်ခံရသည့်နေရာမှာပင် သေဆုံးခဲ့ခြင်းဖြစ်သည်။

အလားတူ ရေးမြို့နယ် အစင်ကျေးရွာ YMBA အသင်းအတွင်းရေးမှူး ဦးကျော်သူထွန်းသည်လည်း စက်တင်ဘာလ ၂၄ ရက်နေ့ညပိုင်းက သေနတ်ဖြင့် ၃ ချက် လုပ်ကြံခံခဲ့ရသော်လည်း အသတ်ဘေးမှ လွတ်မြောက်ခဲ့သည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...