မြေအောက်တော်လှန်ရေးအဖွဲ့ဖြစ်သည့် G-20/UBPO page ကို အဆက်အသွယ်မပြုလုပ်ကြရန် BPO အဖွဲ့ အသိပေး

မြေအောက်တော်လှန်ရေးအဖွဲ့ဖြစ်သည့် G-20/UBPO page ကို အဆက်အသွယ်မပြုလုပ်ကြရန် BPO အဖွဲ့ အသိပေး

တော်လှန်ရေးအင်အားစုတစ်ခုဖြစ်သည့် Burma Phoenix Organization - BPO ၏ လက်အောက်ခံ ပြောက်ကျားဖွဲ့ဖြစ်သည့် @G-20/UBPO မှ ခေါင်းဆောင်အချို့အား အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးထားသည့်အတွက် G-20/UBPO page မှ ဆက်သွယ်လာပါက အကြောင်းပြန်ခြင်း မပြုကြရန်နှင့် ၎င်း Page အား သွားရောက်ဆက်သွယ်ခြင်း မပြုကြရန် BPOက ယမန်နေ့တွင် အသိပေးကြေညာထားသည်။

"ကျွန်တော်တို့အဖွဲ့က မြို့ပေါ်မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေပါ။ စစ်ကောင်စီဘက်ကနေပြီး အကြမ်းဖက်ဖြိုခွဲလာတဲ့နောက်မှာ လက်နက်ကိုင်ပြီး တော်လှန်ရမယ့်လမ်းစဥ်ကို ရွေးချယ်လိုက်တယ်။ အခုက ကျွန်တော်တို့ BPO ရဲ့ လက်အောက်က အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ G-20/UBPO အဖွဲ့ထဲက ခေါင်းဆောင်တချို့ အဖမ်းခံထားရပါတယ်။ အဲဒါကြောင့် G-20/UBPO page ကို သွားပြီး မဆက်သွယ်ဖို့နဲ့ လာဆက်သွယ်ရင်လည်း အကြောင်းမပြန်ဖို့ ကြေညာချက်ထုတ်ပြန်တာပါ" ဟု BPO ၏ စည်းရုံးရေးနှင့် ပြန်ကြားရေးကော်မတီ တာဝန်ခံတစ်ဦးက မဇ္စျိမကို ပြောသည်။

ဗမာ့ဇာမဏီ (Urban Burma Phoenix Organization-UBPO) အဖွဲ့အနေဖြင့် ရန်ကုန်တွင် ဖောက်ခွဲမှု ရှစ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့မှ အသစ်ဖွင့်ထားသော တရားဝင်ဖေ့ဘွတ်စာမျက်နှာဖြစ်သည့် Urban Burma Phoenix Organization-UBPO page တွင်သာ စစ်ရေးလှုပ်ရှားမှုများနှင့် ပြောက်ကျားစစ်ဆင်ရေးများကို တရားဝင် ထုတ်ပြန်ကြေညာသွားမည်ဟု ဆိုသည်။

ဗမာ့ဇာမဏီ (Urban Burma Phoenix Organization-UBPO) အဖွဲ့ကို မြို့ကြီးများတွင် UG လှုပ်ရှားမှုများလုပ်ဆောင်ရန်အတွက် ဖွဲ့စည်းထားကာ မြို့ပြပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

 
 

 

 

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...