အလှကုန်ပစ္စည်းများ ၃၀ ရာခိုင်နှုန်းအထိ စျေးနှုန်းမြင့်တက်နေ

အလှကုန်ပစ္စည်းများ ၃၀ ရာခိုင်နှုန်းအထိ စျေးနှုန်းမြင့်တက်နေ
Photo Crd - bon bon facebook
Photo Crd - bon bon facebook

အလှကုန်ပစ္စည်းများဖြစ်သည့် မျက်နှာသစ်ဆေး၊ လိုးရှင်း၊ တိုနာ၊ မိတ်ကပ်စသည့်ပစ္စည်းများမှာ ယခုလအတွင်း ၃၀ ရာခိုင်နူန်းအထိ စျေးမြင့်တက်လာကြောင်း အလှကုန်ပစ္စည်းအရောင်ဆိုင်များထံမှသိရသည်။

အမေရိကန်ထုတ် cosmetics ၊ ဂျပန်ထုတ်  cosmetics ပစ္စည်းများမှာ အများဆုံးစျေးမြင့်တက်လျက်ရှိပြီး ပုံမှန်အားဖြင့် တစ်သောင်းငါးထောင်ကျပ်ရှိသည့် Cosmetics များမှာ လက်ရှိတွင်နှစ်သောင်းကျပ်အထိ မြင့်တက်လာခြင်းဖြစ်သည်။

“စျေးတွေကတော့ တက်လာပါတယ်။ ဝယ်ရတာလည်း ခက်ပါတယ်။ တစ်ခုက လေးထောင်၊ ငါးထောင်လောက်တောင် တက်သွားပါတယ်။ နောက်တစ်ခုက ဝယ်ရတဲ့အပိုင်းမှာ ပစ္စည်းပြတ်သွားတာတွေရှိတယ်။ စျေးကတော့ မြင့်တက်နေပါတယ်။ USA ၊ Japan ပစ္စည်းတွေက စျေးပိုတက်ပါတယ်။ အရင် ၂၄၀၀၀ ရောင်းရတဲ့ပစ္စည်းတွေက အခု ၂၈၀၀၀၊ ၂၉၀၀၀ ဖြစ်သွားပါတယ်၊ ဒီလမှာ ပိုတက်လာတာပေါ့” ဟု Bon Beauty Glowy Sittwe Cosmetics ဆိုင်မှ ကိုးရီးယားထုတ်၊ ဂျပန်ထုတ်၊ အမေရိကန်ထုတ် အလှကုန်ပစ္စည်းများရောင်းချနေသည့် မဘုံဘုံကပြောသည်။

ယင်းအပြင် တရုတ်ထုတ်ပစ္စည်းများနှင့် ပြည်မမှတစ်ဆင့် မှာယူရောင်းချ၍ရသည့်ပစ္စည်းမှာလည်း ယခုလအတွင်း နှစ်ထောင်ကျပ်အထိ မြင့်တက်လာကြောင်း သိရသည်။

ဝယ်ယူသုံးစွဲသူများအနေဖြင့်လည်း စျေးနှုန်းမြင့်တက်လာသည့်အတွက် အဝယ်ထိုင်သွားသည့်အနေအထားရှိကြောင်း မြေပုံမြို့မှ cosmetics များကို အဓိကဖြန့်ချီနေသည့် မနန္ဒာကပြောသည်။

“တရုတ်ထုတ်ပစ္စည်းတွေက နှစ်ထောက်လောက်တက်လာပါတယ်။ ဆယ်လပိုင်းအစကနေ စျေးတက်လာပါတယ်။ အခုလို စျေးတက်လာတော့ ဝယ်ယူသူတွေအနေနဲ့လည်း ချိန်သွားတာပေါ့။ ပုံမှန်ဝယ်နေကြတဲ့လူတွေမှာလည်း နှစ်ထောင်တိုးရင်လည်း နှစ်ထောင်တိုးသလောက် အဝယ်နည်းသွားပါတယ်” ဟု ၎င်းကဆိုသည်။

မန္တလေးမှတစ်ဆင့် cosmectis များကို မှာယူရောင်းချနေသည့် စစ်တွေမြို့မှ မဘုန်းမြတ်ယဉ်က “ပုံမှန်ဆိုရင် ငါးထောင်တန်တစ်ခုက တစ်ထောင်နီးပါးလောက်တက်သွားတယ်။ ဆိုတော့ ရာခိုင်နှုန်းနဲ့တွက်လိုက်ရင် လုံးဝအဆင်မပြေဖြစ်သွားတယ်။ တစ်သိန်းမှာ ငါးထောင်၊ နောက် kpay နဲ့လွှဲမယ်ဆိုရင် percent ပေးရတာနဲ့ဆိုတော့ လုံးဝအဆင်မပြေတာမျိုးဖြစ်သွားတယ်” ဟု ပြောကြားသည်။

ကုန်စည်စျေးနှုန်းမြင့်တက်လာခြင်း၊ လမ်းစရိတ်စျေးကြီးခြင်း၊ ငွေလွှဲငွေထုတ်အဆင်မပြေသည့်အတွက် တစ်ချို့ online မှတစ်ဆင့် မှာယူရောင်းချနေကြသည့် အမျိုးသမီးအလှကုန် မိတ်ကပ်ပစ္စည်းဆိုင်များမှာလည်း ရပ်နားထားရကြောင်း သိရသည်။

Photo Crd - bon bon facebook

 
 

 

 

ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...
စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...