တောင်ကုတ် မိုးပညာဒါနကျောင်းဥက္ကဋ္ဌအမှုတွင် တရားလိုနှင့် လိုပြသက်သေများကို စတင်စစ်ဆေး

တောင်ကုတ် မိုးပညာဒါနကျောင်းဥက္ကဋ္ဌအမှုတွင် တရားလိုနှင့် လိုပြသက်သေများကို စတင်စစ်ဆေး

မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်အမှုတွင် တရားလိုနှင့် လိုပြသက်သေတစ်ဦးတို့ကို ယနေ့ (အောက်တိုဘာလ ၆ ရက်) နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။

ယနေ့ရုံးချိန်းတွင် တောင်ကုတ်မြို့ ၅၅၄ တပ်ရင်းမှ တရားလို ဗိုလ်ကြီးကျော်ဇင်ဦးနှင့် လိုပြသက်သေတစ်ဦးတို့ကို စစ်ဆေးခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကြည်နိုင်ကပြောသည်။

“ဒီနေ့ရုံးချိန်းမှာ တရားလိုနဲ့ လိုပြသက်သေတစ်ယောက်ကို စစ်ပါတယ်။ အမှုနဲ့ပတ်သက်လို့ လာမယ့်အောက်တိုဘာလ ၁၈ ရက်နေ့ကို ရုံးချိန်းလိုက်တယ်” ဟု ၎င်းကပြောသည်။

တရားလိုနှင့် လိုပြသက်သေများ၏ ထွက်ဆိုချက်များကို အမှုသည်၏ ခွင့်ပြုချက်မရရှိဘဲ ပြောဆို၍မရကြောင်းရှေ့နေကပြောသည်။

အမှုတွင် တရားလိုအပါအဝင် လိုပြသက်သေ ၇ ဦးရှိကြောင်းလည်း အမှုလိုက်ရှေ့နေထံမှ သိရသည်။

ကိုအောင်ဝင်းနိုင်ကို ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က တောင်ကုတ်-သံတွဲသွားလမ်း ဖုံညိုတောင် စစ်ဆေးရေးဂိတ်အနီးတွင် တပ်မတော်သားများမှ ဖမ်းဆီးခဲ့ပြီးနောက် သြဂုတ်လ ၆ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခဲ့သည်။

မတရားအသင်းဆက်သွယ်မှုနှင့် တရားစွဲခံထားရသည့် ကိုအောင်ဝင်းနိုင်မှာ AA နှင့် ပတ်သက်မှုမရှိိသလို ယခုကဲ့သို့ တရားစွဲဆိုခံရခြင်းကို စိတ်မကောင်းဖြစ်မိသည်ဟု ကိုအောင်ဝင်းနိုင်က ပြောဆိုကြောင်း ဇနီးဖြစ်သူ ဒေါ်တွယ်တာစိုးကပြောသည်။

“သူ (ကိုအောင်ဝင်းနိုင်) က AA နဲ့ မပတ်သက်ဘဲနဲ့ အခုလိုမတရားအသင်းပုဒ်မနဲ့ တရားစွဲခံရတာကို တော်တော်လည်းစိတ်မကောင်းဖြစ်မိတယ်လို့ ပြောပြတယ်” ဟု ဒေါ်တွယ်တာစိုးကဆိုသည်။

ကိုအောင်ဝင်းနိုင်ဦးဆောင်နေသည့် မိုးပညာဒါနပရဟိတအသင်းကို ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအသင်းမှ ဦးဆောင်ကာ လက်ရှိတွင် မိုးပညာဒါနသင်တန်းကျောင်းကို ဖွင့်လှစ်ထားကြောင်း သိရသည်။

အဆိုပါသင်တန်းကျောင်းမှာ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ဝပ်ရှော့အပါအဝင် အခြားအသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပေးနေသည့် ကျောင်းလည်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...
စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...