ရပ်နားထားရသော ကျောက်သင်ပုန်းလုပ်ငန်းများ ပြန်လည်စတင်

ရပ်နားထားရသော ကျောက်သင်ပုန်းလုပ်ငန်းများ ပြန်လည်စတင်

မွန်ပြည်နယ်၊ ဘီလူးကျွန်းတွင် အဓိကလုပ်ကိုင်ကြသော ကျောက်သင်ပုန်းလုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြိုနယ်ရှိ ဟိုတယ်လုပ်ငန်းများမှ ကျောက်သင်ပုန်းများကို အော်ဒါမှာယူခဲ့သဖြင့် လုပ်ငန်းများ ပြန်စတင်နေပြီဖြစ်ကြောင်း ကျောက်သင်ပုန်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

"သူတို့ပြောတာတော့ ဟိုတယ်မှာ သူတို့ပြန်သုံးဖို့ ဆိုဒ်ကြီးကြီးပေါ့။ သူတို့လိုတယ်အရွယ်အစား သူတို့လို့တဲ့ဆိုဒ်အတိုင်း ကျွန်တော်တို့ လုပ်ပေးရတာပေါ့" ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့ရှိ ဟိုတယ်များမှ အလှဆင်ရန်နှင့် မီးနူး‌‌ရေးသားရန်အတွက် ကျောက်သင်ပုန်းအော်ဒါများကို စက်တင်ဘာလကုန်ခါနီးမှ ရရှိလာကြောင်း ၄င်းက ဆက်ပြောသည်။

အခြေခံမူလတန်း ကျောင်းဖွင့်ချိန်ကိုသာ အဓိကအားကိုးကာ လုပ်ကိုင်ရောင်းချနေခြင်းဖြစ်ကြောင်း၊ လာမည့်သီတင်းကျွတ်ပြီးနောက် ကျောင်းပြန်ဖွင့်မည်ဆိုသောကြောင့် လုပ်ငန်းများကို အနည်းငယ်ပြန်လည် စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း ရွာလွတ်မှ ကျော်သင်ပုန်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"အခုကတော့ ဘောင်ရိုက်တာတွေ ဘောင်တပ်တာတွေ အဲဒါတွေတော့ ပြန်စလုပ်နေကြပြီ" ဟု ၎င်းက ပြောသည်။

ကိုဗစ်ဖြစ်ပွားမှု လျော့ကျကာ ခရီးသွားဝင်ရောက်မှု ပုံမှန်အတိုင်းလည်ပတ်နိုင်လာပါက ကျောက်သင်ပုန်းလုပ်ငန်းလည်း အဆင်ပြေလာမည်ဟု ယူဆကြောင်း ၄င်းကဆက်ပြောသည်။

ကိုဗစ်ပထမလှိုင်း ဖြစ်ပွားသည့် အချိန်မှစတင်ကာ ကျောက်သင်ပုန်းလုပ်ငန်းများကို ရပ်နားထားခဲ့ပြီး နိုင်ငံရေးမတည်ငြိမ်မှုပါ ဆက်လက်ဖြစ်ပွားခဲ့‌သောကြောင့် လုပ်ငန်းရပ်နားရသည်မှာ ၂ နှစ်နီးပါးခန့် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...