ဓါတ်ဆီစျေးမြင့်တက်နေသည့်အတွက် စစ်တွေမြို့မှ သုံးဘီးယာဉ်မောင်းများ မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်လာ

ဓါတ်ဆီစျေးမြင့်တက်နေသည့်အတွက် စစ်တွေမြို့မှ သုံးဘီးယာဉ်မောင်းများ မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်လာ

ဓါတ်ဆီစျေး မြင့်တက်နေသည့်အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ သုံးဘီးမောင်းနှင်သူများမှာ အခက်အခဲဖြစ်လာနေသဖြင့် ၎င်းတို့၏ မိသားစုစားဝတ်နေရေးအတွက်လည်း ထိခိုက်မှုရှိနေကြောင်း သတင်းရရှိသည်။



ဓါတ်ဆီစျေးမြင့်တက်လာ၍ စစ်တွေမြို့မှ သုံးဘီးမောင်းသူအချို့မှာ သုံးဘီးပြေးဆွဲမှုအား ရပ်နားလိုက်သူများလည်းရှိသည်ဟု သိရသည်။



သုံးဘီးပြေးဆွဲမှုအား ယာယီရပ်နားထားလိုက်သည့် ကိုသန်းဇော်က “ပထမဆီစျေးတက်လာတုန်းက ကျွန်တော်သုံးဘီးမောင်းခဲ့ပါသေးတယ်။ ဒါပေမဲ့အရှုံးပေါ်တယ်။ ဆီစျေးဖိုးတောင်မရဘူး။ အဲဒါနဲ့ ရပ်ထားလိုက်ရတယ်။ သုံးဘီးရပ်ထားတော့ အိမ်မှာ စားဝတ်နေရေးက အရမ်းကိုအကြပ်အတည်းနဲ့ရင်ဆိုင်ရတော့တာပေါ့” ဟု DMG သို့ ပြောသည်။



ယခင်ဓါတ်ဆီစျေးမတက်မီက သုံးဘီးတစ်နေကုန်ပြေးဆွဲလျှင် နှစ်သောင်းဝန်းကျင်ရရှိပြီး ယခုဓါတ်ဆီစျေးမြင့်တက်လာပြီးနောက် ခုနှစ်ထောင်ဝန်းကျင်သာရရှိတော့ကြောင်း မင်းဂံရပ်ကွက်မှ လက်ရှိ သုံးဘီးပြေးဆွဲနေသည့် ကိုအောင်စိုးလင်းကပြောသည်။



“ကျွန်တော်သုံးဘီးမောင်းလာတဲ့ သက်တမ်းလေးနှစ်မှာ အခုလောက်ဆိုးတာ မကြုံဖူးသေးပါဘူး" ဟု ၎င်းကဆိုသည်။



ယခုကဲ့သို့ ဓါတ်ဆီစျေးမြင့်တက်နေမှုအပေါ် စျေးပြန်ကျစေလိုကြောင်း ကိုအောင်စိုးလင်းကဆက်ပြောသည်။



ဓါတ်ဆီစျေးမြင့်တက်လာသည်မှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှဖြစ်ပြီး ယင်းအချိန်က စစ်တွေမြို့တွင်း ဆီဆိုင်အချို့တွင် ဓါတ်ဆီ ၁ လီတာကို နှစ်ထောင်ကျော်အထိ စျေးတင်ရောင်းချခဲ့ကြသည်။



ယနေ့ အောက်တိုဘာ ၆ ရက်နေ့တွင်မူ စစ်တွေမြို့ရှိ ဆီဆိုင်များ၌ ဒီဇယ် ၁ လီတာ ၁၅၇၀ ကျပ်၊ ပရီမီယံ ၁ လီယာ ၁၅၈၀ ကျပ်၊ အောက်တိန်း 95 ၁ လီတာ ၁၆၈၀ ကျပ်နှင့် အောက်တိန်း 92 တစ်လီတာ ၁၅၇၀ ကျပ်ဖြင့် ရောင်းချနေကြသည်။

 
 

 

 

APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...