ဖားကန့်မြို့နယ်တွင် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် လက်လုပ်လက်စားများ ပိုမိုခက်ခဲလာ

ဖားကန့်မြို့နယ်တွင် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် လက်လုပ်လက်စားများ ပိုမိုခက်ခဲလာ

ဖားကန့်မြို့နယ်တွင် ဆန်နှင့် အခြေခံစားသောက်ကုန်စျေးနှုန်းများ မြင့်တက်လာနေမှုကြောင့် လက်လုပ်လက်စားများအတွက် ပိုမိုခက်ခဲလာကြောင်း ရေမဆေးသမားများထံမှ သိရသည်။

“အခုက ပလုပ်တုတ်ကိုခေါက်နေပြီ၊ ကျောက်ကလည်း ရောင်းမရ၊ ဆန်တွေကလည်း တအားစျေးကြီးလာတယ်၊ ဆန်အပျော့တွေဆို ပိုစျေးကြီးတယ်၊ အခု ဆန်အမာတောင် ၄ သောင်းခွဲပေးနေရတယ်” ဟု ရေမဆေးတစ်ဦးက ရှမ်းနီအသံကိုပြောသည်။

ဖားကန့်မြို့တွင် စက်သုံးဆီစျေးနှုန်း တစ်ဂါလံ ခုနှစ်ထောင်ကျပ်နှုန်းရှိနေပြီး ဆန်အမာ (တစ်အိပ်) လျှင် လေးသောင်းခွဲကျပ်ရှိနေကြောင်း သိရသည်။

ဖားကန့်မှ ကျောက်ရောင်းဝယ်သူတချို့က ကျောက်စိမ်းများကို အွန်လိုင်းစာမျက်နှာများတွင် ရောင်းချမှုများပြုလုပ်မှုပြုလုပ်ကြရာ သွင်ကျယ်လာချိန်တွင် အင်တာနက်ဖြတ်တောက်ခြင်း ခံလိုက်ရသည်။

ထို့ကြောင့် ကျပ်တစ်သိန်းနှင့် ဆယ်သိန်းကြားတန်ဖိုးရှိသည့် ကျောက်များရောင်းဝယ်မှု ရပ်တန့်သွားခဲ့သည်။

“အရင်က လက်ကီးဖွင့်ပေးအုံးဆိုရင် လောပန်းတွေက ကျောက်ကြည့်ပြီး တစ်သောင်း၊ ငါးထောင်အဲ့လိုဖြတ်ပေးသေးတယ်၊ အခုက ဘာမှကိုသူတို့မဝယ်တော့တာ” ဟု လုံးခင်းကျေးရွာမှာ ရေမရေးတစ်ဦးက ရှမ်းနီအသံကိုပြောသည်။

ဖားကန့်မြို့တွင် တစ်နိုင်တစ်ပိုင်ကျောက်စိမ်းတူးဖော်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများလည်း စျေးနှုန်းနှစ်ဆမြင့်တက်နေကြောင်း လောပန်း (ကျောက်သူဌေး) များထံမှ စုံစမ်းသိရှိရသည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...